Part 2 Unicode

2.7K 50 0
                                    

"နှိုင်းလေး အဖွားမိတ်ဆွေရဲ့ သမီးနဲ့ လက်ထပ်ရမယ် အဖွားတို့လူကြီးချင်းပြောထားကြပြီးပြီ"

နှိုင်းမာန် အဖွားနဲ့ အပြင်က ပြန်ရောက်ရောက်ချင်း အဖွား‌စကားကြောင့် သွေးပင်တိုးချင်သွားရသည်။

"ဟာ အဖွား ကျွန်တော်လက်မထပ်ချင်ပါဘူးဆို ၊လက်ထပ်ရင်လဲ ကျွန်တော် ချစ်တဲ့ကောင်မလေးကိုပဲ လက်ထပ်မှာလို့ပြောထားပြီးသားလေဗျာ၊ဘာလို့လက်ထပ်ဖို့ကိုပဲ ခဏခဏပြောနေတာလဲ၊ဒီမြေးတစ်ယောက်ထဲရှိ‌တာကို ငြိုငြင်နေတာလား"

"အေး မြေးလေး တစ်ယောက်ထဲ ရှိနေလို့ပဲ ဒီအဖွားက စိတ်ပူနေရတာပေါ့ အဖွားမရှိတဲ့အချိန် မြေးတစ်ယောက်ထဲ ဖြစ်နေမှာစိတ်ပူလို့ပေါ့"

"ဘာတွေပြောနေတာလဲ ဖွားက ကျွန်တော်နဲ့အတူအကြာကြီးနေရဦးမှာ၊ပြီးတော့ ကျွန်တော့ကိုစိတ်ပူစရာမလိုပါဘူး"

"ဘာလို့စိတ်မပူရမှာလဲ အခုပဲ ဒီအဖွားကိုသွေးတိုးအောင်လုပ်ပြီး ရဲစခန်းကပြန်ခဲ့ရတယ်မလား"

ဒေါ်သဇင်စိုးတစ်ယောက်လဲ ဒီမြေးတစ်ယောက်နဲ့ အေးဆေးနေရတယ်ကိုမရှိပါဘူး။ အမြဲတမ်း ဘယ်သူနဲ့ရန်ဖြစ်လို့ ရဲစခန်းကိုရောက်နေပါတယ်၊ဘယ်သူကို သွေး‌ထွက်သံယိုဖြစ်အောင်လုပ်လို့ ရဲစခန်းမှာ ခံဝန်လာထိုးပေးပါဦးတို့ ကြောင့်မလို့ ဒီအရွယ်ကြီးရောက်မှ မြေးဖြစ်သူကောင်းမှုနဲ့ ရဲစခန်းကို ခဏခဏရောက်နေရတာ။

အလယ်တန်းလောက်က မိဘနှစ်ပါးစလုံး ဆုံးသွားပြီးထဲက မိတဆိုးဖတဆိုးလေးဆိုပြီး အလိုလိုက်ခဲ့သမျှ အခုတော့ ဒီအဖွားက မထိန်းနိုင်ဖြစ်နေရပြီ။ ဒီတစ်ခါတော့ မြေးဖြစ်သူကို အလိုလိုက်လို့မဖြစ်တော့ အမြန်အိမ်ထောင်ချပေးပြီး ခြေချုပ်ထားမှရတော့မည်။ဆိုဖာပေါ် စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ မြေးဖြစ်သူကို ပြန်ကြည့်လိုက်ကာ

"မင်း ဒီတစ်ခါအဖွားစကားကိုနားမထောင်ရင် အဖွားကို အဖွားလို့မခေါ်နဲ့တော့"

"ဟာ အဖွား၊အဖွားကို အဖွားလို့မခေါ်တော့ ဘယ်သူ့ကို အဖွားလို့ သွားခေါ်ရမှာလဲ"

"တော်ပြီ နောက်တစ်ခေါက်ထပ်မပြောဘူး"

"ကျွန်တော်က ဘယ်လိုလုပ်လက်ထပ်ရမှာလဲ၊ကိုယ့်ထပ် အသက်ကကြီးလားငယ်လားမသိ၊ဘယ်သူဘယ်ဝါလဲဆိုတာ မသိရပဲနဲ့"

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now