မိတ်ဆက်

6.2K 62 0
                                    

"မ မဒီလင်းသွင်လဲ ဒီလက်ထပ်ပွဲကို အလိုမရှိဘူးမလား၊ဒီအသက်အရွယ်ရောက်နေပြီဆိုတော့ ရည်ရွယ်ထားတဲ့ သူလဲရှိမှာပေါ့၊ပြီးတော့ ဒီခေတ်ကြီးမှာ မိဘက ပေးစားလို့ဆိုပြီး ယူလိုက်ရတယ် ဆိုတာကြီးက မဖြစ်သင့်ဘူးလေနော်၊အဲတော့ ပြောချင်တာက ကျွန်တော် ခင်ဗျားကို သိလဲ မသိဘူး စိတ်လဲမဝင်စားဘူး လက်ထပ်ပြီးမှ ချစ်လာဖို့ဆိုတာလဲ မသေချာဘူး အဲဒီတော့ ကျွန်တော့ကို လက်မထပ်နိုင်ဘူးလို့ ငြင်းလိုက်ပါ မမဒီလင်းသွင်"

#နှိုင်းမာန်အုပ်စိုး

"အဟင်း နှိုင်းမာန်အုပ်စိုး ရှင်က သွင့်ကို စိတ်လဲမဝင်စားဘူးဆိုတော့ သွင်ဘက်ကပဲ ရှင့်ကို စိတ်ဝင်စားနေသလိုနဲ့၊ဒီမှာ သွင်ကလဲ ရှင့်ကို စိတ်ဝင်စားမနေပါဘူး၊မာမာမီနဲ့ ဒယ်ဒီက အတင်းအကြပ်စီစဥ်လိုသာလာတွေ့ရတာ၊လက်ထပ်ပွဲကို ငြင်းလိုက်ဟုတ်လား သွင်ကကော မငြင်းဘူးထင်လို့လား၊ငြင်းလို့ရရင် ရှင်နဲ့တောင် ဒီနေရာတောင် လာတွေ့နေရမှာမဟုတ်ဘူး၊ရှင်ကိုယ်တိုင်တောင် မငြင်းနိုင်လို့ သွင်နဲ့ လာတွေ့နေရတာမဟုတ်လား၊သွင့်ဘက်ကငြင်းလဲ လက်မခံကြတာမလို့ တကယ်လို့ ရှင်လည်း သွင့်ကို လက်မထပ်ချင်ဘူးဆိုရင် ရှင်ကိုယ်တိုင်ပဲ ဒီလက်ထပ်မယ့်ကိစ္စကို ရအောင် ငြင်းလိုက်ပါ"

#မဒီလင်းသွင်

ကိုယ့်မှာတော့ မင်းကို သက်တောင့်သက်သာလက်ထပ်ဖို့အတွက်နဲ့ သူများနိုင်ငံမှာ အလုပ်သွားလုပ်နေခဲ့တာကိုမှမငဲ့ပဲနဲ့ မင်းကတော့ ဒီအကောင်နဲ့ ပျော်နေတာပေါ့လေ လင်းသွင်

#နိုင်စေမင်းထက်

#SaungYoonEain
19.11.2023

ဒါလေးက စိတ်ကူးပေါက်တုန်း ကာရိုက်တာမိတ်ဆက်လေးပေါ့ ရေးဖြစ်မဖြစ်က မသေချာသေးဘူး ရေးဖြစ်ရင်လဲ မအားတော့လို့ တစ်ပိုင်းကိုမှ တစ်ပိုင်းပဲ ဖြစ်လောက်တယ်

Edit စာပြင်ဆင်ထားတာလေးတွေရှိတာကြောင့် ဖတ်မယ်ဆိုရင် libraryထဲက ထုတ်ပြီးတော့မှ ပြန်saveပြီး ဖတ်ပေးကြပါနော်❤️

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now