Part 7 Unicode

2K 55 0
                                    

“လာလာ သမီးနဲ့ သား မာမီတို့က မနက်ထဲကမျှော်နေတာကွယ်”

“ဟုတ်မာမီ ဒီနေ့ ပိတ်ရက်ဆိုတော့ လမ်းမှာကားတွေအရမ်းပိတ်နေလို့”

“အင်းအင်းလာ ဒီနေ့မာမီကိုယ်တိုင် မီးဖိုချောင်ဝင်ပြီးဟင်းလေးတွေချက်ထားတယ် ဒီနေ့ကပိတ်ရက်ဆိုတော့ တစ်နေကုန်နေပြီးမှ ပြန်မှာမလား”

“ဟုတ်မာမီ သွင်တို့ညနေအထိနေပြီးမှ ပြန်မှာပါ”

စကားတွေဖောဖောသီသီပြောပြီး ပြုံးရွှင်နေသည့်မာမီကိုကြည့်ပြီး သွင်စိတ်ထဲထူးဆန်းနေသလို ကြည်လဲကြည်နူးမိပါ၏၏။မာမီက အရင်ကဆို အဲလိုမှမဟုတ်တာကိုလေ။

“ဟ နှိုင်းမာန်အုပ်စိုး မင်းမျက်နှာမှာဒဏ်ရာတွေနဲ့ ပါလားကွ မင်းရန်တွေဖြစ်ထားတာလား”

“ဟယ် ဟုတ်ပ နှိုင်းမာန် သား မျက်နှာက ဘာဖြစ်လာတာလဲမာမီက သမီးနဲ့စကားပြောနေတာန ခုနက မကြည့်လိုက်မိတာရယ်”

သွင်ကသာ စိတ်ထဲမှာ ထူးထူးဆန်းဆန်းတွေတွေးနေပေမယ့် မာမီက အနောက်မှာ ဒယ်ဒီအသံကျယ်ကျယ်ကိုကြားပြီးနှိုင်းမာန်အုပ်စိုးဆီအကြည့်ရောက်၍စိတ်ပူကာမေးနေလေသည်။

မာမီနဲ့ ဒယ်ဒီမေးတော့ သူက ဖြေရခက်ဟန်ခေါင်းကုတ်လျက်သွင့်ဘက်လှည့်ကြည့်လာတာကြောင့် သွင်ယောင်ရမ်းကာ အရှေ့ကိုမျက်နှာလွဲလိုက်မိပေသည်။သူ့ကို မေးတာဘာလို့ သွင့်ကိုလာကြည့်နေရတာလဲ။သွင်ကဖြင့် ညတုန်းကအကြောင်းကြောင့် သူ့မျက်နှာကို အခုထိပင် သေချာမကြည့်ရဲသေး။မာမီတို့ဆီလာတဲ့တစ်လျှောက်မှာလဲ သွင်သူ့ကိုမကြည့်ပဲ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်လာခဲ့တာဖြစ်သည်။

“ဟို အဲဒါက ညကသူငယ်ချင်းနဲ့သွားတွေ့ရင်း ရန်နည်းနည်းဖြစ်ပြီး ဒဏ်ရာရလာတာပါ၊ဒါပေမယ့် ကျွန်တော်ဘက်ကစတာမဟုတ်ပါဘူး သူ့တို့ဘက်က အရင်လာစလို့ဖြစ်ရတာပါ၊အရင်က ရန်စတွေကရှိနေတော့ ဖြစ်သွားတာ၊နောက် အတတ်နိုင်ဆုံး ရန်မဖြစ်အောင်ဂရုစိုက်မှာမလို့ စိတ်မပူကြပါနဲ့”

အစအဆုံး ရှင်းပြနေသည့် နှိုင်းမာန်အုပ်စိုးကိုကြည့်ပြီး မာမီနဲ့ဒယ်ဒီကကြည့်ပြီးသဘောတကျ ပြုံးလျက်ကြည့်နေကြ၏။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now