Part 4 Unicode

2.2K 55 2
                                    

"သွင်လေး အခုကစပြီး ဒီအိမ်ကသွင်ရဲ့ အိမ်ပဲနော် အဖွားကိုလဲ သွင်ရဲ့အဖွားအရင်းလို့ပဲသဘောထား ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ အဖွား"

"အင်းပြီးတော့ မြေးမလေးဆီကို အဖွားရဲ့အဆိုးအတေမြေးကိုလဲ အပ်ပါတယ်ကွယ်၊အိမ်ထောင်ဖက်တွေလဲ ဖြစ်နေကြပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဦးစားပေးပြီး ကူညီစောင့်‌ရှောက်ကြရမယ်နော်"

"ဟုတ်ကဲ့ပါ အဖွား သွင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

အဟက် အတတ်နိုင်ဆုံးကြိုးစားပါမယ်‌တဲ့လား။ အဖွားကလဲ ဘာလို့ သူ့ဆီအပ်နေရတာလဲ။ ဟားး နှိုင်းမာန်အုပ်စိုးတို့ မာနထိခိုက်လိုက်တာ

"နှိုင်းလေး မျက်နှာမဲ့ မနေနဲ့ အဖွားပြောတာကြားလား"

အဖွားကတော့ မြန်ချက် မြင်သွားပြန်ပြီ

"မပူပါနဲ့ ကျွန်တော်က သူ့လို အတတ်နိုင်ဆုံးမဟုတ်ပဲ စိတ်နှစ်ကိုယ်နှစ် ကိုယ်ဖိရင်ဖိကို စောင့်ရှောက်‌ေပးမှာပါ"

နှိုင်းမာန်ရွဲ့ပြောလိုက်တော့ နံဘေးမှာ ထိုင်‌နေသူက မျက်နှာခပ်တည်တည်ဖြင့် လှည့်ကြည့်လာသည်။ အဖွားကတော့ သူ့တို့နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းတွေချလျက်

"ကဲပါ သွားသွား တစ်နေ့ကုန် ပင်ပန်းထားကြတာကို ရေချိုးပြီးအေးဆေး နားလိုက်ဦး ပစ္စည်းတွေက အကုန်အပေါ်မှာသိမ်းထားပေးပြီးပြီ"

အဖွားကပြောပြီး အခန်းထဲဝင်သွား၏။နှိုင်းမာန်ထရပ်ပြီး သွားဖို့ ပြင်နေပေမယ့် အနောက်ကထမလာပဲ ထိုင်နေသေးသူကြောင့် ထပ်ခေါ်ရသည်။

"သွားမယ်လေ ဘာထိုင်လုပ်နေတာလဲ ဘယ်သူနဲ့ပြောဦးမလို့လဲ"

ပြောလိုက်တော့ လူကို မျက်စောင်းနဲ့ကြည့်ပြီး နှိုင်းမာန်နောက်ကထလိုက်လာ၏။

သွင် ‌အရှေ့ကသွားနေသည့် ကျောပြင်ကိုကြည့်ပြီး ထုရိုက်ချင်စိတ်တွေသာပေါက်နေ၏။ စကားတစ်ခွန်းပြောလိုက်တိုင်း သွင့်ကိုရွဲ့ပြီးပြောနေလိုက်တာ။နည်းနည်းလေးမှကို နားထောင်ချင်စရာမရှိ။ လှေကားကနေတက်ပြီးတော့ ပထမဆုံး တွေ့ရသည့် အနက်ရောင်ကျွန်းတံခါးနဲ့အခန်းထဲကို ဝင်သွား၏။ ကြည့်ရတာ သူ့အခန်းဖြစ်မည်ထင်သည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now