Part 22 (End) Unicode

3K 53 0
                                    

“အား!!! မောင်ရေ ဗိုက်နာတယ်လို့”

“အင်း မောင်သိ…. အား!!!”

နှိုင်းမာန် မွေးခန်းထဲဝင်တော့မယ့် ကုတင်ပါ်၌ နာကျင်စွာအော်နေတဲ့ သွင့်ကိုနှစ်သိမ့်ပေးချင်ပေမယ့််လဲ နှစ်သိမ့်စကားပင်မဆိုနိုင်ဘဲ သွင်နဲ့အတူ နာနာကျင်ကျင်လိုက်အော်နေရပေသည်။အကြောင်းမှာ သွင်တစ်ယောက် နှိုင်းမာန်ရဲ့ ဆံပင်ကောက်ကွေးတွေကို မလွတ်တမ်း ဆောင့်ဆွဲပြီး အော်နေခြင်းကြောင့်ပင်။

“ဟင်း မောင် မရတော့ဘူး သွင်ဗိုက်အရမ်းနာတယ်လို့ မွေးခန်းကိုမရောက်နိုင်သေးဘူးလား”

မောဟိုက်စွာ ပြောနေသည့်သွင့်ကို နှိုင်းမာန်အားတင်းကာ ပြန်ဖြေရသည်။

“ရောက်တော့မှာပါ သွင် ရောက်တော့မှာ ခဏလောက်လေးပဲ သည်းခံနော်”

သွင်တကယ်ကို ပင်ပန်းနေလောက်ပြီ။သွင် နှိုင်းမာန်နဲ့အတူ ညစာစားရင်း ဗိုက်စနာချိန်က ည၇နာရီပဲရှိသေးပေမယ့် လမ်းမှာကားပိတ်နေတာနဲ့ ဆေးရုံရောက်ချိန်မှာ ၈နာရီတောင်ထိုးတော့မည်။

“လူနာအမျိုးသားအထဲကိုလိုက်လို့မရပါဘူး အပြင်မှာစောင့်နေပေးပါ”

“သွင် သွင် ဘာမှစိတ်မပူနဲ့နော် စိတ်အေးအေးထား အပြင်မှာမောင်ရှိနေမယ်၊မောင် သွင်နဲ့သားလေးကို ကျန်းကျန်းမာမာနဲ့မြင်ချင်တယ်နော်”

နှိုင်းမာန်ဆံပင်တွေကိုဆွဲထားတဲ့ လက်ကိုဖြုတ်ရင်းပြောတော့ ချွေးတွေဆွဲနစ်ပြီးမောပန်းနေတဲ့ သွင်က နှိုင်းမာန်ကို ခေါင်းငြိမ့်ပြသွား၏။ထို့နောက် မွေးခန်းထဲဝင်သွားတဲ့ သွင်တံခါးပိတ်သွားသည်အထိစောင့်ကြည့်ပြီးမှ နှိုင်းမာန် မွေးခန်းအရှေ့တွင် ဂဏာမငြိမ်စွာ လမ်းလျှောက်ရင်း ကျက်ထားသမျှဘုရားစာတွေ အကုန်ရွတ်နေမိတော့သည်။

“နှိုင်းလေး!”

“သား နှိုင်းမာန်!”

“အဖွား! မာမီ! ဒယ်ဒီ!”

သွင်ဗိုက်နာတော့ နှိုင်းမာန် ဘာလုပ်ရမှန်းမသိတော့တာကြောင့် သွင့်ကိုအရင်မပြီး ဆေးရုံကိုမောင်းထွက်လာခဲ့တာပင်။မာမီတို့ကို ဖုန်းဆက်ဖို့လဲ သတိမရတော့။ကြည့်ရတာတော့ အဖွားက ဖုန်းလှမ်းဆက်ပြီး အတူတူလာခဲ့ကြတာထင်သည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now