Part 15 Zawgyicode

243 3 0
                                    

“အဲဒီလို အဖြစ်မျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ခင်ဗျား သူများမယားကိုစည်းရုံးသိမ်းသွင်းနေတာကို ရပ်တန်းကရပ်ပေးနိုင်မလား နိုင်စေမင်းထက်၊ခင်ဗျားပုံစံက ကောက်ရိုးပုံစောင့်နေတဲ့ခွေးလိုပဲ”

“မောင်!!”

“နှိုင်းမာန်အုပ်စိုး!!”

“ဟုတ်တယ် နှိုင်းမာန်အုပ်စိုး မဒီလင်းသွင်ရဲ့ တရားဝင်ယောင်္ကျား!”

“မောင်! တော်တော့”

“ဘာလဲ မောင်ပြောတာမှားနေလို့လား”

“တော်ပြီမောင် လူတွေလဲကြည့်နေတယ် သွင်တို့သွားရအောင်နော်”

“ကိုနိုင် မောင့်အစားသွင် တောင်းပန်ပါတယ်နော်”

“ရပါတယ် ကိုယ်ဘာမှမဖြစ်ဘူး”

“သွင်က ဘာလို့တောင်းပန်နေတာလဲ မောင်ဘာမှမဟုတ်တာပြောတာမဟုတ်ဘူး”

“တော်ပြီ လာမောင် သွားရအောင်”

သွင် အမြန်မောင်လက်ကိုဆွဲလျက် ခုံပေါ်မှ အိတ်ကိုလွယ်ပြီး ဆိုင်ထဲမှအမြန်ထွက်လာရသည်။မတွေ့အောင်လို့ ဆင်ခြင်မှပဲ ပိုဆိုးနေတော့၏။

“သွင် ဘာလို့မောင်ကိုခေါ်လာတာလဲ မောင်အဲကောင်ကို ပြောလို့မပြီးသေးဘူးနော်”

“လာပါ မောင်ရယ် အရင်စိတ်လျော့ပါဦး အိမ်ပြန်မှပဲသွင်တို့ဆက်ပြောကြရအောင်နော်”

“မောင် အိမ်ပြန်တဲ့အချိန်ထိမစောင့်နိုင်ဘူး လာခဲ့”

“မောင် ဘယ်လဲ”

ကုမ္ပဏီထဲရောက်နေပြီး ဝန်ထမ်းတွေကြည့်နေကြတာလဲ မောင်ကဂရုမစိုက်ပဲ သွင့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် ဓာတ်လှေကားခလုတ်ကို စိတ်မရှည်စွာ နှိပ်နေလေသည်။ဓာတ်လှေကားထဲရောက်ပြီးသွားလဲ လက်ကိုမလွတ်ပဲ အသက်ရှုသံတွေသာ ကြားနေရပြီး စကားပြောသံက တိတ်ဆိတ်နေ၏။

“မောင် သွင့်ကိုဘာပြောမလို့လဲ သွင်အလုပ်ရှိသေးတယ်”

“အလုပ် မောင်နဲ့ရှိတဲ့အချိန်ကျတော့ အလုပ်ကိုသတိရတယ် နိုင်စေမင်းထက်နဲ့ကျတော့ အလုပ်ကိုသတိမရဘူးလား ဟမ်”

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now