“ဒေါက် ဒေါက်”
နှိုင်းမာန် သွင်နဲ့ ဖုန်းပြောနေရင်း တံခါးခေါက်သံကြောင့် စကားလက်စဖြတ်ဖို့လုပ်ရသည်။ကြည့်ရတာ မြတ်ကို ထမင်းစားဖို့ကို လာပြောတာထင်တယ်။
“သွင်မောင်ဖုန်းချလိုက်တော့မယ်နော် မောင်ဖုန်းချပြီးတာနဲ့ ထမင်းသွားစားတော့ ကြားရဲ့လား”
“အင်းပါ မောင်ရဲ့ မောင်လဲ ထမင်းသေချာစားဦး အလုပ်ကြီးပဲလုပ်မနေနဲ့ ကျန်းမာရေးက အဓိကပဲဆိုတာသိတယ်မလား”
“အဟွန်း ဟုတ်ပါပြီ မောင့်မိန်းမစကားနားထောင်ပါမယ်၊မောင်ဖုန်းချလိုက်တော့မယ်နော်”
နှိုင်းမာန် ဖုန်းချလိုက်ပြီးတာနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာက ပုံမှန်အတိုင်းတည်ငြိမ်သွားလေ၏။နှိုင်းမာန်အုပ်စိုးရဲ့ အပြုံးတွေက သူချစ်ရတဲ့သူတွေအတွက် သီးသန့်။
“ဝင်ခဲ့”
“ဟို”
နှိုင်းမာန် လက်မှတ်ထိုးမယ့်စာရွက်ကို စစ်ဆေးဖို့ပြင်နေရင်း မြတ်ကို အသံမဟုတ်ပဲ တစ်ခြားသူအသံကြားလိုက်ရတာကြောင့် မျက်မှောက်ကြုတ်လျက်မော့ကြည့်လိုက်၏။ကြည့်လိုက်တော့ ဟိုတစ်နေ့က သွင်တို့ teamထဲ အသစ်ဝင်လာတယ်ဆိုပြီး သွင်မိတ်ဆက်ပေးတဲ့တစ်ယောက်။
“ဘာကိစ္စရှိလို့လဲ”
နှိုင်းမာန် ထိုမိန်းကလေးရဲ့ မျက်ဝန်းစူးစူးတွေကို မနှစ်သက်တာကြောင့် ခပ်တည်တည်သာ မေးရင်း စာရွက်တွေအပေါ် ပြန်လည်အာရုံစိုက်လိုက်၏။
“လက်မှတ်ထိုးရမယ့် စာရွက်တွေလာပို့တာပါ”
“ဒါတွေက မင်းကိုယ်တိုင်လာပေးစရာမှမလိုတာ အပြင်မှာ မြတ်ကို ရှိနေတာပဲ နောက်တစ်ခါသူ့ကိုပေးခဲ့”
“ကိုမြတ်ကို မရှိလို့ ဝင်လာလိုက်တာပါ၊CEO အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင် အင်ကြင်းတောင်းပန်ပါတယ်”
“ထားလိုက်တော့ နောက်တစ်ခါသာ ထပ်မဖြစ်စေနဲ့ စာရွက်တွေ ဒီအပေါ်မှာတင်ခဲ့”
“ဟုတ်ကဲ့”
အင်းကြင်း စာရွက်တွေကို စားပွဲပေါ်မှာ တင်ခဲ့ပြီးနောက် အပြင်ရောက်တာနဲ့ လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်မိသည်။တမင်တကာ သူ့မိန်းမလဲ ရုံးမလာချိန် ကိုမြတ်ကိုကလဲ သူ့အတွက် နေ့လည်စာသွားဝယ်နေတုန်း သူနဲ့နှစ်ယောက်ထဲ တွေ့ရအောင် စီစဉ်ခဲ့ပေမယ့် သူက လူကို တစ်ချက်သာကြည့်ပြီး လုံးဝဂရုမစိုက်တော့ပေ။ဘာလဲ သူ့မိန်းမတစ်ယောက်ထဲကိုပဲ ဒီလူမျက်လုံးထဲ မြင်တာလား။သူမိန်းမကို အဲလောက်ချစ်တာလား။မဖြစ်နိုင်ဘူး ယောင်္ကျားလေးတွေ မိန်းမတစ်ယောက်ထဲကိုပဲ စိတ်ဝင်စားပြီး တစ်ခြားလူကို စိတ်မဝင်စားဘူးဆိုတာ။အဟင်း အစမလို့နေမှာပါ။ရှင့်မျက်လုံးထဲမှာ ကျွန်မကိုမြင်လာစေရမယ် နှိုင်းမာန်အုပ်စိုး။
YOU ARE READING
စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)
Romanceမောင်ဆိုတာ သွင်အမြဲနှစ်မြုပ်နေမယ့်အချစ်နွံတစ်ခု #SaungYoonEain 19.11.2023