Part 3 Unicode

2.3K 48 0
                                    

"ဒီ ဝတ်စုံလေးရော ဘယ်လိုနေလဲ အဆင်ပြေရဲ့လား လူကြီးမင်းရှင့်"

"အင်း လှတော့လှပေမယ့် ကိုယ့်အကြိုက်မဟုတ်သေးဘူး နောက်တစ်စုံစမ်းဝတ်ပေးကြည့်ပါဦး"

"ဒီမှာ! နှိုင်းမာန်အုပ်စိုး ရှင် တမင်လုပ်နေတာမလား သွင်ကိုတစ်စုံပြီးတစ်စုံစမ်းဝတ်ခိုင်းနေတာ၊သွင်အရုပ်မဟုတ်ဘူးနော်၊ အခုဝတ်နေတာနဲ့ဆို ၅စုံတောင်ရှိနေပြီ ဘယ်အချိန်ထိ ဝတ်စမ်းနေရမှာလဲ"

ဟုတ်တယ် သွင် တစ်ကယ်စိတ်တိုလာပြီ။ မနက်ထဲက အိမ်ကို မင်္ဂလာဝတ်စုံဝတ်စမ်းဖို့ လာခေါ်တာဆိုပြီးရောက်ချလာသည်။ မာမီနဲ့ ဒယ်ဒီကလဲ သူ့ကို ဖော်ဖော်ရွေရွေနဲ့ မနက်စာတူတူစားခိုင်းပြီး သူနဲ့အတူထည့်လွှတ်လိုက်၏။ သူကရော ဘာထူးလဲ မနေ့က သွင်နဲ့ တွေ့တုန်းကနဲ့ လားလားမှ မဆိုင်ပဲ မာမီနဲ့ ဒယ်ဒီရှေ့မှာ မျက်နှာချိုနေလိုက်တာလေ။ ဟန်ဆောင်ပန်ဆောင်နဲ့ မျက်နှာများချက်က။

အခုလဲ မင်္ဂလာဝတ်စုံရွေးနေတာ အခုဆို၅စုံမြောက် သူမကြိုက်ဘူးဆိုကာ တစ်စုံပြီးတစ်စုံလဲဝတ်နေရသည်။ အမှန်ဆို အဲလောက် ရွေးနေဖို့‌လိုလို့လား။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ယူကြတာမှ မဟုတ်ပဲ ဒီတိုင်း အဆင်ပြေတာ တစ်စုံ ရွေးလိုက်လို့မရဘူးလား။

"ကိုယ့်မင်္ဂလာဆောင်ပဲ လှလှပပနဲ့ အကုန်ပြည့်စုံနေရမှာပေါ့"

"ဝတ်စုံတိုင်းလှနေတာပဲလေ ဘာတွေအဲလောက်ရွေးနေမှန်းကိုမသိဘူး"

"ကျွန်တော်မှ မကြိုက်တာ၊နေဦး အဲဆို ကျွန်တော်ရွေးပေးမယ် "

သူ့ဘာသူပြောပြီး ထိုင်နေရာမှထကာ ဝတ်စုံတွေ ချိတ်ထားတဲ့ နေရာဆီသွားပြီး ကြည့်ကာရွေးနေ၏။ မသိရင် သူချစ်ရတဲ့ သတို့သမီးအတွက်ရွေးပေးနေသလိုနဲ့။

"ဒါလေး ဒါလေး လှတယ် ဟိုကောင်မလေး ဒီဝတ်စုံ သူ့အတွက် ဝတ်ကူလိုက်ဦး"

"ဟုတ်ကဲ့ပါရှင့်"

နှိုင်းမာန် ရှေ့က စူပုတ်ပုတ် ပေကပ်ကပ်နဲ့ အဝတ်လဲခန်းထဲ ဝင်သွားတဲ့ တစ်ယောက်ကိုကြည့်ပြီး နှိုင်းမာန်ဟက်ခနဲ ရီလိုက်မိသည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now