Part 20 Unicode

1.6K 45 0
                                    

“ဟဲ့ သန့်စင် Rceptionက အစ်မပြောလိုက်တာ အခန်း၁၀၁ မလား”

“အေး ဟုတ်တယ်”

“ဒါဆိုဒီအခန်းပဲထင်တယ် ငါဖွင့်လိုက်တော့မယ်နော်”

“အေး ဖွင့်လေ နင်ကဘာလို့တုံချိတုံချိဖြစ်နေတာလဲ”

ထူးတို့ မလင်းသွင်သတင်းကြားကြားချင်း ဆေးရုံကိုလိုက်လာခဲ့တာဖြစ်ပြီး အခန်းရှေ့ရောက်နေပေမယ့် ထူးအခန်းထဲဝင်ဖို့ကိုကြောက်နေမိပေသည်။ရုံးမှာ CEOရဲ့ မိန်းမဆိုတာထက် တစ်ဖွဲ့လုံးနဲ့တန်းတူ အလုပ်အတူလုပ်ပြီး မောက်မာခြင်းမရှိ သဘောကောင်းလွန်းတဲ့ မလင်းသွင် ကိုထူးကိုယ့်အစ်မလိုချစ်ခင်မိပါသည်။ဒါကြောင့်လဲ မလင်းသွင် သတင်းကြားကြားချင်း ထူးမှာအတော်လေးထိတ်လန့်သွားရ၏။အခုလဲ အခန်းထဲဝင်လိုက်ရင် မလင်းသွင်ရဲ့ စိုးရိမ်ရတဲ့ အခြေအနေနဲ့တွေ့ရကို ကြောက်တာကြောင့် အခန်းထဲဝင်ဖို့အရေး တုံ့ချိနေမိ၏။

“ထူးပြည့်ခင် တံခါးမဖွင့်သေးဘူးလား ဘယ်အချိန်ထိ အခန်းရှေ့ရပ်နေမှာလဲ၊ဖယ် ငါပဲဖွင့်လိုက်တော့မယ်”

သန့်စင်က ထူးကိုနံဘေးသို့တွန်းဖယ်ပြီး တံခါးဖွင့်ဖို့လုပ်၏။

“သမီးတို့က ဘယ်သူတွေလဲ”

ထူးတို့အနောက်က အသံကြားလိုက်ရ၍ အနောက်ကိုလှည့်ကြည့်လိုက်ပေမယ့် မေးတဲ့ ထိုအန်တီက ထူးနံဘေးကိုရောက်နေပြီဖြစ်သည်။

“အာ ထူးတို့က ဒီအခန်းက မလင်းသွင်ဆေးရုံတက်နေရတယ်ကြားလို့ သတင်းလာမေးတာပါရှင့်”

“ဪ သမီးသွင်ဆီလာကြတာလား”

“ဟုတ်ကဲ့ ဒါနဲ့ အန်တီက..?”

“အန်တီက သမီးသွင်ရဲ့ အမေပါကွယ်”

“အာ မလင်းသွင်အမေလား၊တွေရတာဝမ်းသာပါတယ်ရှင့် ထူးပြည့်ခင်လို့ခေါ်ပါတယ် ရုံးမှာ မလင်းသွင်နဲ့ တစ်ဖွဲ့ထဲ အလုပ်လုပ်ကြတဲ့သူတွေပါ၊သူက သန်စင်တဲ့ အန်တီ”

“တွေ့ရတာ ဝမ်းသာပါတယ်အန်တီ”

“အေးကွယ် အန်တီလဲဝမ်းသာပါတယ် လာလာ သမီးနဲ့လာတွေ့တာမလား”

“ဟုတ်”

ထူးနဲ့ သန့်စင်နှစ်ယောက် မလင်းသွင်အမေနောက်ကနေ အခန်းထဲသို့ ဝင်ခဲ့လိုက်ကြတော့၏။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now