Part 19 Zawgyicode

211 4 0
                                    

“သွင် မောင့်ကိုအဲလိုမနောက်ပါနဲ့ မျက်လုံးဖွင့်ပြီးမောင့်ကိုကြည့်ပါဦး ဟင် မောင်တောင်းပန်ပါတယ်”

“လူနာရှင် အထဲကိုဝင်လို့မရပါဘူး အပြင်မှာ ကျန်ခဲ့ပေးပါ”

“ကျွန်တော့်မိန်းမ… ကျွန်တော့မိန်းမကို… ဘာမှမဖြစ်အောင် အကောင်းဆုံးကုသပေးပါ ကျွန်တော်တောင်းဆိုပါတယ်”

“ဟုတ်ကဲ့ စိတ်မပူပါနဲ့ အကောင်းဆုံးကုသပေးမှာပါ အပြင်မှာ စောင့်နေပေးပါရှင့်”

နှိုင်းမာန် သွင်မကြောက်အောင် သွင်နဲ့အတူအထဲကိုလိုက်ချင်ပေမယ့် လိုက်ခွင့်မရတော့တာကြောင့် ခွဲစိပ်ခန်းရှေ့ကကြမ်းပြင်ပေါ်တွင်သာ ဒူးပေါ်ခေါင်းမှောက်ရင်း စိတ်ပျက်စွာ ထိုင်ချလိုက်မိတော့၏။ထိုနောက် မျက်နှာပြင်တစ်ခုလုံးကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး တတွတ်တွတ်ရေရွတ်နေမိသည်က သွင့်ကိုတောင်းပန်ပါတယ် ဆိုတဲ့ စကားသာ….

“သွင် မောင်တောင်းပန်ပါတယ် မောင့်ကြောင့် မောင့်မကာကွယ်နိုင်ခဲ့လို့ …၊ဒါပေမယ့်လဲ မောင့်ဆီကို ဘာမှမဖြစ်ပဲ ပြန်လာခဲ့ပေးပါ နောက်ဆိုမောင်က သွင့်ကို ဘာတစ်ခု မထိခိုက်စေရဘူးလို့ကတိပေးပါတယ်”

နှိုင်းမာန် မခံစားနိုင်တော့စွာ လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ထားရင်း ငိုချလိုက်တော့၏။

“နှိုင်းလေး!!”

“အင့် အဖွား!”

“ဘာတွေဘယ်လိုဖြစ်ကုန်ရတာလဲ မြေးရယ်၊သွင်လေးကော အဆင်ပြေရဲ့လား ဟင်”

နှိုင်းမာန် အဖွားအနားသို့ရောက်လာသည်နှင့်  ဟန်မဆောင်နိုင်စွာ အဖွားရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်မိတော့၏။

“အဖွား သွင်က ကျွန်တော့ကြောင့်  အင့် ကျွန်တော်မကာကွယ်နိုင်လို့ အခုလိုဖြစ်သွားရတာ၊ကျွန်တော်က မကောင်းတဲ့ကောင် ကိုယ်ချစ်တဲ့ မိန်းကလေးကိုတောင် လုံခြုံဘေးကင်းအောင် မကာကွယ်နိုင်တဲ့ အသုံးမကျတဲ့ကောင်”

“ဘယ်လိုလုပ် နှိုင်းလေးက အသုံးမကျတဲ့ကောင်ဖြစ်ရမှာလဲ၊နှိုင်းလေး သွင့်ကို အတတ်နိုင်ဆုံး ကာကွယ်ခဲ့တာပဲမလား ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ကွယ်၊အခုလောလောဆယ် သွင်လေးဘေးကင်းအောင်ပဲ ဆုတောင်းပေးရအောင်နော်”

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now