Unicode Version
swim Suit ။
အနီရောင် Swim Suit ဝတ်ထားသည့် မား။ ခါးမှာတော့ အဖြူရောင် ပုဝါလေး စည်းထား သည်။
G string မို့ ခါးတွင် ကြိုးလေးက အသားဖြူဝင်းဝင်း ပေါ် ထင်းနေသည်။ ကျောတွင်တော့ မလှပ နိုင်ပေ။ ဒဏ်ရာ ဒဏ်ချက် တွေက အများကြီးရယ်။
ဘာကြောင့်ရလာတာဆိုတာ အခုထိ မပြော ပြပေ။ ဘရာကို ကြိုးပျောက် ကျောတွက်သာ ချည်ထားသည်။ Sunscreen လိမ်းပြီး နေကာ မျက်မှန်လေး တပ်ထားသည်။
ပြောရမယ်ဆိုရင် သခင် အဲ့ဒီလို မဝတ်ရဲ။ ချိုးပျက် အထက် အောက် အနက်ရောင်ကို ပေါင်တဝက်ခန့် အရှည် ရှိသည့် ရေကူးဝတ်စုံ ကိုသာ ဝတ်ထားသည်။
ဘန်ကလိုရှေ့ ခါးထောက်ပြီးရပ်နေသည့် မား ရဲ့အနားကို ရောက်လာသည်။
သူမ ရောက်လာမှန်းသိသည်နှင့်
"မနက်ဖန် ဒီကျွန်းကနေ တခြားနေရာကို သွားလည်မယ်၊ အင်္ဂါနေ့ ရန်ကုန်ပြန်ရောက်ကမယ် မဟုတ်လား"
ဆိုတော့
"တပတ်လုံးနားလဲ ရတယ်လေ မား။ သခင်တို့ က စာသင်ချိန်မှ သိပ်မရှိတော့တာ။"
လင်းရိပ်က မော့ကြည့်ပြီး
"အင်္ဂါနေ့က မွေးနေ့မဟုတ်လား၊ ဓါတ်ပုံကိုက်မယ်ဆို"
"အာ"
သခင် ထိုအချိန်မှ သတိရသည်။ ပြုံးလဲပြုံးနေသည်။ မားက သတိရနေပေးတယ်။ ဓါတ်ပုံ ရိုက်ဖို့ကိုကော ။
လင်းရိပ် သက်ပြင်းချပြီး
"မကြာခင်နေဝင်တော့မှာ"
Cocoa Island ရဲ့သဲသောင်ပြင်ပေါ်ကို သွားကြမည်သာ။ လှည့်ထွက်သွားသည့် မားကို သခင်က လက်ကိုလှမ်းဆွဲပြီး
"မား ခဏနေအုံး"
"ဘာလဲ"
သခင် ဘန်ကလိုထဲ ပြန်ပြေးဝင်ပြီး ပုဝါ အပါးတထည် ဆွဲယူကာ အပေါ်ပိုင်းကို ခြုံ ပြီး ရင်ဘက်နားမှာ ချည်ပေးလိုက်သည်။
"နေလောင်မှာစိုးလို့"
"ဪ ဖြစ်ရတယ်"
သခင်က ရယ်ပြီး အဓိက ရင်ဘက်ပိုင်း လုံအောင် ခြည်ပေးပြီး
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...