Unicode Version
အချိန်တလကျော်ကျော် ကုန်လွန်ခဲ့ ပြန်သည်။
လင်းရိပ် အပြင်ကို သိပ်မထွက် ဖြစ်ပေမယ့် သခင်က တောင်းဆိုလာရင်တော့ တခါတရံ လိုက်ပါ သွားတက်သည်။
ယနေ့တော့ ရာသီဉတုလဲ ကောင်းသည်။ ညနေခင်းမို့ အေးအေးလေး ဖြစ်နေသည့် အပြင် လင်းရိပ် အတွက်လဲ အပင်အောက် သဘာဝ လေကို ရူရှိုက်ဖို့ရန် အခြေအနေ ကောင်းပင်။
အလှစိုက် အုန်းပင်များရဲ့ အလွန်တွင်တော့ အရိပ်ရ သစ်ပင် များရှိသည်။ သဘာဝဆန်စေ ရန် သစ်ပင် ပင် စည်များဖြတ်ပြီး အနား ယူနိုင်ရန် ထိုင်စရာလေးများ ရှိနေသည့် အပြင်။ လင်းရိပ်ကတော့ Dream Bed ချပြီး လှဲ လျောင်းက Ipad ပေါ်တွင် လက်ကစားရင်း တစုံတခုကို အသည်းအသန် စိတ်ဝင်စားနေသည်။
Ipad ကို မျက်နှာပေါ် အုပ်မိုးပြီး ကြည့်နေသည် ကတော့ Livesale ,တခု ဖြစ်သည်။ တော်ရုံ စိတ်မဝင်စားသော်လဲ ကွန်ဒို တိုက်ခန်း ကို အရစ်ကျနဲ့ ရောင်းချပေးမှု အပေါ် သူမ စိတ်ဝင်စားနေသည်။
သူမ အတွက်လား။ မဟုတ်။ သခင် အတွက်လား။ ပိုပင် မဖြစ်နိုင်သေး။ အလုပ်သမားတွေ ရှိတယ် မဟုတ်လား။ တချို့ဆို နေစရာ အိမ်မရှိလို့ အိမ်ဌားဘဝ ကနေ မတက်သေးသူ တွေရှိနေတာကို။
ဘေးတွင်တော့ စာပွဲအပု သေးသေး လေး တလုံးချထားသည်။ ဖျော်ရည်ဖန်ခွက်လှလှ လေးကောပဲ။ သစ်သီးတချိူ့ ခွဲစိတ်ထည့် ထားသည့် ဖန်ပန်းကန် လှလှ လေးရယ်။
သို့သော် တစက် မှ မတို့ထိရသေး။ သူမ အာရုံက IPad ဆီမှာသာ။ ကျန်လက်တဖက်က ဖုန်းနံပတ် တခုကို နှိပ်ထားသည်။
"လေးခန်း ဆိုတော့ သိပ်ပြီး...."
"စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချိန်ကစပြီး ဖုန်းခေါ်ဆိုနိုင်ပါပြီ"
ဆိုသည်နှင့် ဖုန်းကော နှိပ်သော်။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ...."
"အိုက်ယား"
သူမ လက်နှေးသွားလေပြီ။ မဖြစ်တော့။ ရောင်းချမည့် ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်မှပဲ ရလိမ့်မည်။
![](https://img.wattpad.com/cover/358241755-288-k633605.jpg)
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...