Part 20

2K 120 6
                                    

Unicode Version

ပင်လယ်ရဲ့လှိုင်းပုဒ်သံမှ လွဲ၍ မကြားရသည့် ဝန်းကျင်။ သုံးထပ် အဆောက်အဦးရဲ့ အပေါ်ဆုံးထပ် အိပ်ခန်းဆောင်တွင်။

သခင်နှင့်အတူ မားလဲ ရှိနေသည်။ သတိပြန်ရ နေပြီဖြစ်သော မားကို ကျောပေးလျက် ထိုင်နေသည်။

မည်သည့် စကားကိုမှ မပြောဖြစ်ပေ။ တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေပြီတော့ ဝန်းကျင်မှာလဲ အေးစိမ့်နေသည် ဟုထင်မှတ် ရသည်။

လင်းရိပ်သတိရလာပြီးနောက် မည်သည့် စကားတခွန်းမှ မဆိုပါ။

အချိန်တစ်ခုကို ရောက်လာချိန်မှာတော့ သခင် က

"မား ဒီမှာပဲ နေပါ၊ သခင်လဲ ဘယ်မှ မသွား ဘူး၊ အဆင်ပြေတယ် မဟုတ်လား"

တိတ်ဆိတ်နေသည်။ သခင် ဒေါသ ထွက်လာ သည်။ သခင်။စိတ်ကို ထပ်မံလျော့ ချလိုက် သည်။

"မား သခင့်အနားကနေ ထွက်သွားခွင့်မရှိဘူး၊ အဆုံးထိ ဒီအတိုင်းပဲ နေပါ"

တုံ့ပြန်မှု မရှိလာချိန်မှာတော့

"တခုခုပြောအုံးလေ"

သခင် ထရပ်ပြီး မားကို လှည့်ကြည့်ကာ အော်ဟစ်မိတော့ သည်။ မား က သူ့ကို ကြည့်နေသည်။ နောင်တရသည့် အကြည့်တွေ။ မလိုဘူးအဲ့တာတွေ မလိုဘူး။

သခင့်အတွက် လိုအပ်တာက မားပဲ။

"မား ဘာကြောင့် သခင့်အနားက ထွက်သွားချင်ရတာလဲ၊ ကျန်တာတွေဘေးဖယ်ထား၊ ရိုးရိုးလေးပဲ တွေးလိုက်၊

သခင့်အနားက ဘာကြောင့်ထွက်သွားချင်ရတာလဲ"

တလုံးချင်းပီပီသသမေးလိုက်ချိန်မှာတော့

"ငါ လွန်းကို သတ်ခဲ့တာ"

"တော်တော့၊ အဲဒီလို အဓိပ္ပာယ်မရှိတာ မပြောနဲ့တော့၊ သခင့်အတွက် သူတို့‌ေတွက အရေးမပါ ခဲ့ဘူး။

သခင့်အတွက် မားရှိရင် ရနေပြီလေ။"

လင်းရိပ် ဖြေးဖြေးချင်း ထထိုင်သည်။ လက်နှစ်ဖက်ကို အချင်းချင်းဆုတ်ကိုင်ထားရင်းကနေ

" သခင် တဘဝလုံး မားကိုပဲ ကြည့်ပြီး အသက်ရှင်လာတာ။ မား သခင့်အပေါ် ဘယ်လို သဘောထားတယ်ဆိုတာ အပြင်လူ ဝင်ပြီး အကဲခက်လို့ မရနိုင်ဘူး။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now