Part 25

2.1K 114 9
                                    

Unicode Version

သခင်။

နာရီပေါင်းများစွာ ကြာပြီးတဲ့ နောက်တော့ မား နိုးထ လာမည့်အချိန် ကိုစောင့်ရင်း အခန်း အတွင်းတိတ်ဆိတ်နေတော့ သည်။

အောက်ဆီဂျင်ပေးထားကာ အခြေအနေက စောင့်ကြည့်နေဆဲမို့ စိတ်ချရသေး သည့် အခြေအနေတော့ မဟုတ်ပါ။ သခင့်ကို မားက ယခုပုံစံနှင့် ခြောက်လှန့် နေသလိုပင်။ မဟုတ်ပါဘူးလို့ စိတ်ထဲကနေ ပြောနေပေမယ့်

အမှန်တော့ သခင့်ကြောင့် မားအခုလို ဖြစ် ပျက် ရသည်။

"မမလေး ညစာ အသင့် ဖြစ်ပါပြီ"

သခင်က

"သခင် မစားချင်သေးဘူး။ ကိုမိုးတို့ပဲ စားနှင့်ပါ"

"ဟို"

သခင်က

"မား မနိုးလာသေးဘူး။ သခင် ဘယ်လိုလုပ်ညစားဝင်မှာလဲ"

အနည်းငယ်လှုတ်ရှားလာသည့် အတွက် သခင် က

"ဆရာဝန်ကို မြန်မြန် ခေါ်"

"ဟုတ်ကဲ့"

"မား"

အောက်ဆီဂျင်ပေးထားရသည့် အခြေအနေ ဖြင့် သတိပြန်ရလာပြီဖြစ်သည်။ သခင် စိုးရိမ်စိတ် နည်းနည်းလေးလျော့ သွားပါပြီ။

မားက ဟိုသည် မျက်လူံးကစားသည်။ သခင်က မားရဲ့အခြေအနေကို ကြည့်နေရင်းက

"အားလုံးအပြင် ခဏ ထွက်ပေးပါ" ဆရာဝန်ရဲ့ ညွှန်ကြားချက်ကြောင့် ကိုမိုးက ဇွတ်အတင်း ခေါ်ထုတ်သွားသည်။ ကိုယ့်အိမ်ကိုဆို ကိစ္စ မရှိပေမယ့်။ ဒါက ဆေးရုံ ဖြစ်သည်။

အခန်းအပြင်ရောက်တော့ သခင် နေရာမှာ တင် ရပ်နေသည်။

"သူဌေး အဆင်ပြေမှာပါ။ မမလေး စိတ်ကို နည်းနည်းလောက်တော့ လျော့ထားသင့်ပြီ"

အမှန်ပင်။ သူမ ကြောင့် ဆိုသည့် အတွေးနဲ့တင်။ မား နိုး မထ လာသည်နှင့် အပြစ်တင် မဆုံး။ ယခုတော့ ။

+++++

"ဘယ်လိုနေလဲ၊ မူးသေးလား"

လငိးရိပ် ခေါင်းခါသည်။ ဆရာဝန်က

"အဖျားကြီးပြီး သတိလစ်သွားရုံပါ။ ဆေးရုံမှာတော့ တပတ်ပြည့် အောင် နေရမယ်။ အဖျား ပိုး ကျန်နေမှာဆိုးလို့ ပိုးသတ်ဆေးတွေ အများကြီးသုံးထားရတော့ ခန္ဓာကိုယ်က နည်းနည်းတော့ ပင်ပန်းပီ့းအားနည်းနုံးချိလိမ့်မယ်"

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now