Unicode Version
လင်းရိပ်။ ကော်ဖီ ကင်းမှာ။ ကော်ဖီ သောက်ရင်း မျိုးနိုင်ကျော်ကို စောင့်နေသည့် အချိနိ ဖြစ်သည်။
အဖြူရောင် သားမွေး အပေါ်ဝတ်ကိုမှ ပန်းနုရောင် ကိုယ်ကျပ်ဂါဝန်လေးပေါ် ထပ်ဝတ် ထားသည်။ ရူးဖိနပ် ဖြူဖြူ လေးဖြင့်။ ဆံပင်များကို စုထုံးထားသည်က ယဉ်ယဉ် လေးနှင့် ကြည့်ကောင်းနေသည်။
"မတွေ့တာ ကြာပြီနော်။ တွေ့တော့လဲ အခုလို တိုက်တိုက်ဆိုင်ဆိုင်ပဲ"
သူမ စာပွဲဆီကို ရောက်လာသူ မိန်းကလေး ကြောင့် လင်းရိပ် မျက်မှောင်ကုတ် သည်။
"အဝေးကနေ ကို ထင်းနေအောင် လှနေတော့ အားလုံးက စိတ်ဝင်စားနေကြပြီ"
အမှန်ပင်။ သူမကို အတော်များများက မျက်စိ ကျနေသည်။ ခိုးကြည့်တဲ့သူနဲ့ ထိုင်ငမ်း နေတဲ့ သူနဲ့။ သူမ က တော်ရုံ ယခုလို အပြင်ဆိုင် မထိုင်ဖြစ်။ VIP ,သီးသန့်သာ အခန်း ယူသည်။
ကိုယ့်သူကိုယ် ချောတယ် လှတယ် ခံယူထားတယ်တော့ မဟုတ်ပါ။ လူတွေနဲ့ ပြောဆို ဆက်ဆံလာသူမို့ လူကြည့်မခံနိုင်ရုံလေးပါ။
"ဒီက အမရဲ့ သမီးလေးကော"
သခင် က လင်းရိပ်ရဲ့ သမီးဆိုတာ သိနေလေတော့ လင်းရိပ်က ကော်ဖီ ဘူးကို လှမ်းယူပြီး
"အောင်ဒီပါနဲ့ ဘယ်လိုဆက်ဆံေရးလဲ"
ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်မေးပစ် လိုက် သည်။ ထိုအခါ ထို သွေးဆို သည့် မိန်း ကလေးက
"အောင်ဒီပါ...သူကဘာလုပ်တဲ့သူလဲ"
လင်းရိပ်က မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည့် သွေးဆိုသူကို စေ့စေ့ စိုက်ကြည့်သည်။ သွေးကလဲ ပြုံးလျက်
"အောင်ဒီပါ ဆိုတဲ့သူ နဲ့ သွေးက ဘယ်လိုပတ်သက် ရမှာလဲ၊ မသိတဲ့ နာမည်တစ်ခုကို ...."
လင်းရိပ် နူတ်ခမ်းတဖက်တွန့်မိသည်။
"သခင့်ကိုလဲ သိတယ်၊ ငါ့နားလဲ တမင်ချည်း ကပ်နေတယ်၊ ဒီတော့ ဘယ်သူ့အတွက် အလုပ်လုပ်နေပါတယ်ဆိုတာ အသိသာကြီး မဟုတ်လား"
ထိုအခါမှ
"တကယ် လိမ်ညာဖို့ မလွယ်ကူဘူးပဲ"
![](https://img.wattpad.com/cover/358241755-288-k633605.jpg)
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Dragosteဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...