Part 1

4.2K 174 2
                                    

Unicode Version

"မား"

ကကြိုး၊ကကြိုးသခင်၊ ကိုယ်တိုင်ကြိုးဆွဲ မည့်သူ မို့ အရုပ်လေးကို ကြိုးဆွဲတဲ့ သခင်။

သူမရဲ့ မား။ မွေးစားမေမေ Adopted Mother က အဲဒီလို ဆိုတယ်၊ သခင် ဖြစ်ရမယ်တဲ့၊

မွေးစားမေမေ ဆိုတာ သိရက်နဲ့ပင် ကကြိုး ဖက်တွယ် မိသူမှာ မား တစ်ယောက်ထဲသာ ရှိသည်။

Saint World Corporation Founder တစ်ဦး ဖြစ်သူ သူမရဲ့ မား။ လင်းရိပ်အာရုဏ်ဦး။

Founder ဆိုသည့်အတိုင်း လုပ်ငန်းခွင်မှာ လုပ်ငန်းအားလံုးလည်ပတ်စေဖို့ CEO ကို ပင် ဌားရမ်း ထားနိုင်သူလဲဖြစ်သည်။

သူမရဲ့ မား။ လေသာဆောင်မှာ မနက်ခင်း အချိန် ကော်ဖီသောက်ရင်း စာဖတ် နေသည့် အတွက် လာနူတ်ဆက်ခြင်းပင်။

ထုံးစံအတိုင်း လှည့်ပင် မကြည့်ပါ။

သူမကသာ သူ့အရှေ့ကို သွားရသည် မဟုတ် လား

"မား ဒီအပတ် မော်ဒိုက်ကို သွားမယ်ဆို သခင့်မှာ Passport မရှိသေးဘူးလေ"

နည်းပညာတက္ကသိူလ် ကျောင်းသူ ပီပီ အဖြူရောင်နှင့်နက်ပြာထမီယူနီဖောင်းက သူမခန္ဓာကိုယ်တွင် ချပ်ကပ်နေ၏။ ရွှေအိုရောင် ဆံပက်ကောက်ကောက် များက ကျောတွင်ဖျာဆင်းနေသည်။

အင်္ကျီက လက်ကောင်ဝတ်အဝဲလေးနှင့် လက်ရှည်ဖြစ်သည်။ရင်ဖုန်းခါးတင်နှင့် ဆိုတော့ ရူ့တိုင်းယဉ်ပင်။

ဆံနွယ်ကောက်ကောက်များဖြင့် လိုက်ဖက်စွာ မျက်ခုံးမှာ အသားဖြူဖြူပေါ် ထင်းနေသည်။ မျက်ဝန်းမကျဉ်းမကျယ်က ပုံမှန်အတိုင်းနေလျင် အေးစက်သည့်အသွင်ရှိသည်။  

နှာတံမှာအရမ်းထင်းနေသည့် ပုံစံ မဟုတ်သော်လဲ အသားပြည့်တင်းတင်းမျက်နှာပေါ်တွင်တော့ အနေတော်လေးပင်။ နူတ်ခမ်း မထူမပါးက မွေးစားမေမေနဲ့ စကားပြောလျှင်သာ အတူတူရှိနေရင်သာ ပြုံးပျော်နေတက်သည်ပင်။

ဖြစ်နိုင်ရင်မေမေလို့ ခေါ်ချင်တာ။ ငယ်ငယ်ကတဲက အခေါ်မခံလို့ Mother ကနေ မား ဆိုပြီး အဖျားစွတ် ခေါ်သည်။

လင်းရိပ်အာရုဏ်ဦး။ အဖြူကိုသာ စွဲလမ်းသူ မို့ ညအိပ်ဝတ်ကအစ အဖြူရောင်ကို အသားပေးလွန်းသည်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now