Unicode Version
သခင့်ရဲ့ ပီတိဂွမ်းဆီထိ ထားသလို အပြုံးဖြင့် မွေးနေ့အမှတ်တရ ရိုက်ထားသည့် ဓါတ်ပုံမှာ မှန်ဘောင်အကြီးကြီးနဲ့ လာရောက် ပို့ဆောင် သွားပြီ ဖြစ်သည်။
ဧည့်ခန်း ရဲ့အပေါ်ထပ်ဝရံတာအောက်ဘက်မှာ နံရံအကျယ်ရှိသည်မို့ ထိုနေရာမှာပဲ ချိတ်ဆွဲ စေသည်။
ဓါတ်ပံုက ရိုးရိုးလေးပါ။ မင်္ဂလာဝတ်စုံနှစ်စုံကို Fashion House ကနေ လာပို့ခိုင်းပြီး မွေးနေ့ အမှတ်တရဆိုပြီး ရိုက်ကူးစေကာ။
ရုတ်တရပ်ကြည့်လျင်တော့ လက်ထပ်ပွဲအတွက် Pre-wedding ရိုက်ကူးထားခြင်းဆိုတာ ငြင်းနိုင်ဖွယ်ရာ မရှိ။ သို့သော်။
ခေါင်းဆောင်းပုဝါမပါသလို။ လက်ထဲတွင်လဲ ပန်းစည်းမပါ။ ထို့အပြင် ဓါတ်ပုံ အောက်ဘက်တွက် ရွှေရောင်ဖောင်းကြွစာလုံးဖြင့်
"သခင့်အတွက် မားရဲ့ ၂၂ နှစ်ပြည့် လက်ဆောင်"
ဆိုသည့်အမှတ်တရ စာစုလေးရှိနေသည်။ သူမ ပျော်သည်။ ဝမ်းသာ သည်ဆိုမှာ မား အတွက် ပျော်ရွင်ခြင်းအတိပါပဲ။
"မမလေး ကျောင်းသွားဖို့အသင့် ဖြစ်ပါပြီ"
ဆိုတော့မှ ဟူးခနဲ သက်ပြင်းချကာ လွယ်အိတ် ကောက်ယူပြီးအိမ်ထဲကနေ ထွက်လာခဲ့တော့ သည်။ အသင့်စောင့်နေသော ကားပေါ် တက်ပြီးနောက် နေ့သစ်ရဲ့စာသင်ချိန်များက မကြာခင်စတင်ပါတော့မည်။
+++++++
လင်းရိပ် ။လေသာ ဆောင်မှာပဲ ရှိနေသည်။ မိုးဆန်း ရှိနေပြီး စုံစမ်းရသမျှ ကို အသေးစိတ်ပြောပြ နေသည်ပင်။
"အဲဒီအချိန်က သူဌေးတို့လို အသတ်မခံလိုက်ရတဲ့ လူနှစ်ယောက်ရှိနေပါတယ်၊
နန်းလွန်းတို့ စော်ဘွားမျိုးနွယ် အိမ်တော်ရဲ့အိမ်တော်ထိန်းနဲ့ နန်းလွန်းရဲ့ အထိန်းတော်ပါ။"
သူမ နားထောင်နေသည်။
"ရန်ကုန်ရဲ့အနွယ်တော်စောင့်ရှောက်ရေး ဂေဟာမှာ တည်းခိုနေထိုင်တယ် လို့သိရပါတယ်၊ အဲဒီအထဲကို ဝင်နိုင်ဖို့က ခက်ခဲတဲ့အတွက် စောင့်ကြည့်ရုံသာ လုပ်နိုင်ခဲ့ပါတယ်"
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...