Part 21

2K 136 4
                                    

Unicode Version

အရာအားလုံး အဆင်ပြေသွားလိမ့်မည် ဆိုသည်မှာ လက်တွေ့မှာတော့ မလွယ်ကူပေ။ သခင် သဘောထားကို ပြောပြပြီးနောက်။ မား သူ့ကို ပတ်ရှောင်နေသည်။တအိမ်ထဲမှာ ဒီလူနှစ်ယောက်ပဲရှိတာ

မတွေ့အောင်ရှောင်နိုင်သည့် စွမ်းရည် မားတွင်ရှိသည်။ အိမ်ရှေ့ဝန်းထဲကနေ မာစ အပေါ်ထပ်မှာညရှိနေသည်ကိုတွေ့၍ တက်သွားလျင် မား အခန်းထဲ ဝင်ပြီးအိပ်နေချိန် သာ။

ထမင်းစားချိန်တွေမှာလဲ မတွေ့ရာ ဘယ်အချိန်များ ထစားလဲ မသိတော့။ ယခုတော့ သခင် မားရဲ့ အခန်းရှေ့မှာ စောင့်နေလိုက်တော့ သည် ။

အချိန်တန်တော့ ထွက်လာခဲ့ပါပြီ။ အခန်းထဲက ထွက်လာပြီး အပြင်ရောက်မှ အခန်းတခါးဘေးမှာ နံရံကိုကျောမှီကာ လက်ပိုက်ရပ်နေသော သခင့်ကိုမြင်တော့ အထဲအမြန်ပြန်ဝင် ရန်က သရုပ်ပျက်သည်။

"သခင် ဘာလုပ်နေတာလဲ"

ဆိုတော့ သခင်က ငဲ့စောင်းကြည့်ကာ

"သခင့်ကို ရှောင်ပုန်းနေတဲ့ သူကို လာဖမ်းတာ"

လင်းရိပ်က ပြုံးလိုက်သည်။

"အဲ့တာဆို သွားဖမ်းလေ၊ ငါ အလုပ်များနေ...."

အခန်းထဲ ပြန်ဝင်ရန် စကားလှည့်နေသည့် မားရဲ့လက်ကိုဖမ်းဆွဲ ကာ လင်းရိပ်အခန်းထဲ ဆွဲခေါ်သွားသည်။

"သခင် သခင်"

"လွတ်"

"အင့်"

ကုတင်ပေါ်သို့ တွန်းလှဲပစ်သည်။ ခွေကျသွား ပေမယ့် မွေ့ယာမို့ မား ဘာမှ မထိခိုက် သွား ပါ။

မားရဲ့ပုခုံးကို ဆွဲပြီးပက်လက်အနေ အထား ဖြစ်သည်နှင့် အပေါ်က ဆီးမိုးကာ လက်နှစ်ဖက်ကို မားရဲ့ လည်တိုင်ဘေး တဖက်တချက်မှာ ထောက်ထားလိုက်သည်။

"တွေ့ပြီလေ အခု"

လင်းရိပ် မျက်တောင်များ ပုတ်ခက် ပုတ်ခက် နှင့် ရှောင်ပြေးနေသူပီသစွာပင် ပြောစရာ စကားပြောက်ရှနေသည်။

"ပြောပါအုံး ဘာလို့ သခင့်ကို ရှောင်နေတာလဲ"

လင်းရိပ် မျက်နှာ တဖက်ကို လှည့် သွားသည်။ သခင် ဘက်ကပဲ စိတ်ကို လျော့ လိုက် ပါတယ်။ သက်ပြင်းချပြီး

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now