Unicode Version
အခြေအနေက ပုံမှန်အတိုင်းလည်ပတ်နေသည် ဆိုပေမယ့် မားနဲ့ သခင်ရဲ့ ဆက်ဆံရေးက အရင်လို မနွေးထွေးတော့ပေ။ ထူးဆန်းသည်က လင်းရိပ်မဟုတ်ဘဲ။ သခင် ဖြစ်နေသည်။
သခင် သူမကို သိသိသာသာ ရှောင်ဖယ်နေသည်။ ခါတိုင်းလို မနက်ခင်းနူတ်ဆက်။ ညစာ အတူစား၊ နွေးနွေးထွေးထွေး။မဟုတ်။
မနက်ခင်းကို သူမနဲ့ မျက်နှာ ချင်း မဆိုင်သလို ညစာကိုလဲ ကြိုစားနှင့်တာ။မဟုတ်ရင် အိပ်ချင် အိပ်နေတက်သည်။
လင်းရိပ်က အိမ်မှာ နေတဲ့ သူပါ။ ဒီကလေး ပြောင်းလဲသွားတာ သိနေတော့ စိတ်မကောင်း ဖြစ်ရသည်။ သူမ အပေါ်ကို လေးစား ပါသည်။ ချစ်လဲချစ်နေသည်။
ကိုမိုးလဲပြောပြသည်။ သူတို့ အတန်းက ကျောင်း သိပ်မတက်ရတော့ပါ။ Report တင်ပြီးတဲ့နောက် ကျောင်းမှာ သူမ တစ်ယောက်ထဲ စာသင်ခန်းထဲမှာ ကွန်ပြူတာ တလုံးနဲ့ အလုပ်များနေသည်တဲ့။
သူ့မှာ အိမ်ရှိတယ် မဟုတ်လား။ သတိပေးမှ ရအုံးမည်။ တကယ်တမ်း စိတ်ဆိူးပြီး ရှောင်ဖယ် ရမှာက သူမ မဟုတ်လား။ အခုတော့ ပြောင်းပြန်တွေကို ဖြစ်နေသည်။
ယခုလဲ ကားသံ ကြားသည်။ သို့သော် သွားတွေ့လို့က မရသေး။ အစည်းအဝေး လုပ်နေသည့် အချိန်မို့ မိုးဆန်းကို ခေါင်းညိတ်ပြ သည်။
မိုးဆန်း ထွက်သွားပြီးနောက် လုပ်ငန်း ပိုင်ဆက် ဆွေးနွေးသည်။ အချိန်အတော်ကြာ မှ ပြီးဆီးသည်။ အစည်းအဝေး တက်ရောက် သူတွေ အလျိုလျို ထွက်သွားချိန်မှာတော့ လူတစ်ယောက်ကတော့ နေခဲ့ သည်။
သူမက ကြိမ် ထိုင်ခုံမှ ထရပ်မည် အပြု လူတစ်ယောက်ကျန်နေခဲ့ သည့်အတွက်
"ကိစ္စရှိလား"
"ဟုတ်ကဲ့ မဦး မေးခိုင်းထားတဲ့ ကိစ္စ အကြောင်း ပြောချင်လို့ပါ"
ထိုအခါမှ နားလည် သွားသည်။ သူမငွေပေးစီစဉ်ထားတာ အများကြီးရှိသည်။
"ပြောပါ"
ထိုသူက အမျိုးသမီးပင်။ နေရာမှာ ပြန်ထိုင်ပြီး
"ဘဏ္ဌာရေးဝန်ကြီးရဲ့သား နဲ့ မမလေး ကအဆင်ပြေနိုင်မယ် ထင်ပါတယ် မဦး၊ မမလေးရဲ့ပုံကိုပြတော့ တွေ့ကြည့်ချင်တယ် ပြောပါတယ်၊
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...