Part 14 🚨

4.6K 120 2
                                    

Unicode Version🚨

မနက်ခင်းနိုးထလာသည်မှာ သခင့်အတွက် နူန်းချိနေသည့် အနေအထား မဖြစ်နေပါ။ ရမ်သောက်နိုင်မှု။မြင့်၍ လဲ ဖြစ်နိုင်သည်။

သူမ မျှော်မှန်းထားသည်။ မနက်ခင်း သူ့ရင်ခွင်ထဲ အိပ်ပျော်နေမည့် မားကို အနူးအညွှတ် ရှိခိုးမတက် တောင်းပန်ရမည်လို့။ သို့သော် မား ရှိမနေပါ။ အခန်းက မနေ့ညကလို မဟုတ်နေ။ မနေ့ညက ဘာမှ မဖြစ်ခဲ့ သည့်အတိုင်းပါပဲ။

ကုတင်အောက်က အံဆွဲကို လက်ပြန်ဆွဲ ပြီးစမ်းကြည့်တော့ သူမ တိတ်တဆိတ် ဝယ်ထားသည့် Sex Toy မရှိတော့ပေ။ ထို့ကြောင့်သာ မနေ့ညက အဖြစ်အပျက်က အစစ်အမှန် ဆိုတာ သံသယ ကင်းသွားတော့ သည်။

မား အဆင်ပြေရဲ့လား။ အိပ်ရာပေါ်မှ ဝရုန်းသုန်းကာ ထပြီး ရေချိုးခန်းထဲမှ Bedrobe ကို ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာ သည်။ အောက်ထပ်ကို အမြန်ပြေးဆင်းလာ တော့ မားရဲ့အရိပ် အယောင်ကိုပင် မတွေ့ ရ။

မား ထွက်သွားပြီလား။ မဖြစ်ဘူး။ မားရဲ့ အိပ်ခန်းဘက်ကို ခြေဦးလှည့်တော့

"မမလေး"

ကိုမိုးရဲ့ ခေါ်သံကြောင့် ခြေလှမ်းက တုံ့ခနဲ။ သူမ လှည့်ကြည့်လိုက်တော့

"သူဌေးက အခု ဆိပ်ကမ်းတိုးချဲ့ဖွင့်ပွဲ ကိုရောက်နေပါတယ်၊ မမလေး နိုးရင် ဆိပ်ကမ်းကို အရောက်လာခိုင်းထားပါတယ်၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်လာပါတဲ့"

ဆိပ်ကမ်း။ ရုတ်တရပ်လား။ မဟုတ်ပါဘူး။ သူမ အလုပ်ကိစ္စ စိတ်မဝင်စားလို့ပဲ ဖြစ်လိမ့်မည်။

"မားက အရမ်းအစောကြီးသွားတာလား"

ကိုမိုးက နာရီတချက်ကြည့်ပြီး

"သိပ်မကြာသေးပါဘူး။ မမလေး နိုးလာ မလား စောင့်နေပါသေးတယ်။ အမူးပြေဖို့ ဖျော်ရည်လဲပြင်ပေးသွားပါတယ်"

အမူးပြေဖို့။ သခင်က မှ မမူးတက်တာ။ ထားပါတော့။ သွားဆိုတော့လဲ သွားရမှာပေါ့။ သက်ပြင်းရှိုက်ပြီး အပေါ်ထပ် ပြန်တက်လာ ခဲ့တော့ သည်။

အခန်းတံခါးပိတ်ပြီး ရေချိုးခန်းထဲ ဝင်လာသည်။ Bathrobe ကိုချွတ်ပြီး ရေပန်းအောက် ရပ်ကာ ရေပန်းကို ဖွင့်ချတော့

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now