Unicode Version
အမှောင်ရိပ်ကို အားပြုပြီး တစ်စုံ တစ်ယောက် ခြံဝန်းတစ်ခုနား ချည်းကပ်လာ သည်။
ပတ်ဝန်းကျင်မှာ အမှောင်ရိပ်များ ဖံုးနေသော် လဲ။ ခြံဝန်းထဲမှာတော့ မီးရောင် ကြောင့် လင်းထိန်နေသည်။ ခြံဝန်းထဲတွင် အစောင့်များက ဟိုသည် ရွေ့လျားနေသည်။
အချိန်အားဖြင့် သန်းခေါင် မရောက်သေး။ လရောင်ကင်းမဲ့လျက် တိတ်ဆိတ်မှုကြီး စိုးနေရာ။ ခြံအတွင်းဘက် အစောင့်တွေ သွားလာရင်း ကျောပေးသည့်အနေအထား ရောက်သည်နှင့် ခြံစည်းရိုးကို ခုန်ကျော် ဝင်သည်။
တဖက်ခုန်ချချိန် ခြေသံ မထွက်စေရန် ကိုယ်ဖော့ပြီး အိမ်အရိပ်ကွယ်ရာကို ချက်ချင်းပြေး ကပ်သည်။ နှစ်ထက် အိမ်မို့ အပေါ် ထပ်ရောက် ရန်လိုသည်။
တဆက်ထဲ အိမ်အရိပ် တလျောက် ရွေ့လျား လာပြီး အိမ်အနောက်ဘက်ကို ပတ်သည်။ ကြည့်နေချိန်ပဲ အစောင့်များရဲ့ကွယ် ရာ အရောက် နံရံကို ကပ်တွယ်ပြီး အပေါ်ထပ် ဝရံတာ ရှိရာကို လှမ်းမှီတက်သည်။
ဝရံတာ အရောက် ဝရံတာ ထောင့်အပေါ် မျက်နှာကျက်တွက်တပ်ထား သည့် CCTV ကိုမြင်လိုက်ရသည်။ သို့သော် မီးမလင်းနေပါ။
စင်္ကြံလမ်း တလျောက် နံရံကို ကပ်ပြီး လမ်းဆုံးတော့
"လုံခြုံရေးကို အထူးဂရုစိုက်။ အိမ်ထဲကို ကျူးကျော် ဝင်လာရင် အမြန် ဆုံးအချက်ပေး"
ဂျက်စဖာနှင့် သူ့လူတွေပင်။
"အထူးသဖြင့် ဒီညကို ဂရုစိုက်။ နည်းနည်း ခံစားမိနေတယ်"
"CCTV room ဘက်ကကော ဘာထူးသေး လဲ"
"အခုထိတော့ ပုံမှန်အခြေအနေ ပါပဲ။ ဆရာ"
ဂျက်စဖာက အခန်းတစ်ခန်းကို စိုက်ကြည့်ပြီး
"သတိရှိပါတယ်"
"ဟုတ်ကဲ့"
"၂ ယောက် ဒီအခန်းရှေ့မှာ စောင့်နေ။ သူလာရင် ဒီအခန်းကိုပဲ ရှာလိမ့်မယ်"
သခင်။ အမှန်ပင်။ နံရံမှာ ကျောကပ်ထားပြီး နားစွင့်နေသည်။
သူမ တစ်ယောက်ထဲ အိမ်ထဲ ဝင်လာ သည်။ အပေါ်ထပ်ကို ရောက်နေပြီ။ မားရဲ့အခြေအနေ ကို ကိုယ်တိုင် ကြည့်ရမည်။ မျက်မြင်ကိုယ်တွေ့ အခြေအနေကို သူမ ယုံကြည် လက်ခံသည်။
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...