Unicode Version
စိုင်းစပ်လောဝ်ခွန်။ နောက်ထပ် နာမည် တမျိုးက ဂျက်စဖာ။ အမေရိကန်မှာ ကြီးပြင်းခဲ့ သူ ဖြစ်သည်။ နာမည်အရင်းကို ဖျောက်ပြီး ဂျက်စဖာ နာမည်ဖြင့် နေထိုင်ရင်း လက်ရှိမှာတော့ အလည်အပတ်ဗီဇာ ဖြင့် အမေရိကန် နိုင်ငံခြားအနေဖြင့် အမိမြေကို ပြန်လည် ရောက်ရှိနေသည်။
လေဆိပ်မှာ လာကြိုသူက သူ့ရဲ့ တပြည့်မလေး သေွးဖြစ်သည်။ သွေးက အိမ်တစ်လုံး ဝယ်ထားပေးသည်။ အရပ်ထဲက လူတစ်ယောက်ရဲ့ နာမည်ကို အသုံးချပြီး သူ့အတွက် ပြင်ဆင်ပေးထားသည့် အတွက်။
တညတော့ နေထိုင်ပြီး ဖြစ်သည်။ မနက်စာ စားရင်း
"ဒီတော့ နန်းမွန်းက ဒီနေ့ တရားရုံးကို သွားမယ်ပေါ့"
သွေးက
"ရောက်နေပြီ ဆရာ၊ သူ့ရဲ့ မွေးစားအမေ လွတ်မြောက်ဖို့အတွက် ချက်ချင်းဖြေရှင်းပေး မှာပဲ။
သွေးလဲ ပျောက်ချင်းမလှပျောက် နေလို့ သာ ဒီအခြေအနေကို သုံးလိုက်ရတာ။ မထိရောက်ဘူး ဆိုပေမယ့် သူတို့ကို ပြန်ဆွဲထုတ် လာန်ုင် သွားတယ်"
ဂျက်စဖာက ကော်ဖီမော့ သောက်ပြီး
"အောင်ဒီပါက ထောင်ထဲမှာပဲ ပေါ့ အခုထိ"
"ဟုတ်ပါတယ်။ သွေး အထင်တော့ သူ့သမီး ထိခိုက်မှာစိုးလို့ ဘာမှမလုပိနိုင်တော့ တဲ့ ပူံစံမျိုး လုပ်နေတယ်လို့မြင်တယ်"
ဂျက်စဖာက ခေါင်းညိတ်ရင်း
"အရင်ကလဲ သူက စိတ်ရောကိုယ်ပါ ပါဝင် ခဲ့တာ မဟုတ်ဘူး။ငါနဲ့ ကတိရှိထားလို့သာ။ ဒါကို တောင် သူ့သမီး လွတ်မြောက်နေတာ သိရက်နဲ့ ပြောပြလို့လား။
ငါက လဲ အဲဒီအနွယ်တော် သွေးပါနေတာကို မုန်းတယ်။ ဖြစ်နိုင်ရင် ဖောက်ထုတ်ပစ်ချင်တယ်၊ ထားပါ။ နန်းမွန်း ရဲ့အကြောင်း အသေးစိတ်ပြောပြ။ အဓိက သိချင်တာက သူ့ရဲ့ အားနည်းချက်"
သွေးကပြုံး၍
"အားနည်းချက်က တခုထဲပဲ။ ဆရာ ။ကကြိုးသခင်ရဲ့ အားနည်းချက်က လင်းရိပ်အာရုဏ်ဦး ပဲ"
ထိုအခါဂျက်စဖာက မျက်မှောင်ကုတ်ပြီး။
"အဲဒီနာမည် ရင်းနှီးတယ်....."
![](https://img.wattpad.com/cover/358241755-288-k633605.jpg)
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Roman d'amourဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...