Part 26

1.7K 119 18
                                    

Unicode Version

လက်ထဲက ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်မိလိုက်တော့ သည်။ သွေး။ ဟူတ်တယ်။ သူပဲ။ သခင် ရှင်းပစ်ဖို့ စီစဉ်နေပေမယ့် အလုပ်ကြောင့် အစီအစဉ် နောက်ရွေ့ လိုက်ရသည့် အတွက် လက်ဦးမှု ရယူသွားခြင်း ဖြစ်သည်။ အဲဒီလိုလား။

သခင် အံကြိတ်ထားသည်။ ကိုမိုး တဖက်ကို ‌ဖုန်းပြောနေသည်။ အခြေအနေက တဖက်မှာ လုပ်ငန်း တဖက်မှာတော့ မား။

ဒီအကြပ်အတည်းကို သခင် ရင်ဆိုင်နိုင်မှ ရမည်။ မားပေးထားသည့် ဖုန်းနံပတ်ကို နှိပ်ရင်း

"ဟဲလို"

"ကကြိုးသခင်ပါ" သခင် ဆက်သွယ်သင့်သည့် နေရာကို ဆက်သွယ်နေသလို

ကိုမိုးသည်လံ မားကိုရှာဖွေရန် ဖုန်းကိုအဆက်မပျက် ဆက်သွယ်နေသည်။

"နောက်ယောင်ခံထား။ မလွတ်စေနဲ့။ လမ်းကြောင်းပေါ်မှာ ဘယ်သူရှိနေလဲဆိုတာ စစ်ဆေးပြီး သတင်းပို့"

သူဌေးကို ခေါ်သွားသည့်ကား နောက်သို့ ‌လိုက်နေသည့် ကားရှိသည်။ နောက်ထပ်လဲ ထပ်ဖြည့်ထားသေးသည်။

"ဒါဆို အယောင်ပြ ထွက်ခွာ နေတာပဲ။ CCTV စစ်ပြီး အဖွဲ့တွေ ခွဲထုတ်တော့"

"နေရာအတိအကျ သိရရင် ပြန်ဆုတ်ခဲ့လို့ရပြီ"

"Saint World ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ"

ကိုမိုးကို လှည့်ကြည့်ပြီးခေါင်းညိတ်ပြကာ ပြောလက်စဖုန်းကို ပြောပြီး ထိုသူတွေနဲ့ မျက်နှာချင်းဆိုင်ကာ

"မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန် ရပါမယ်"

တာဝန်ရှိသူတွေ လာခေါ်နေကြပြီ ဖြစ်သည်။ သခင်က

"သခင့်ရဲ့ရှေ့နေ ရောက်လာပါတော့မယ် ခဏစောင့်ပါ"

"အဲတာ စခန်းရောက်မှပြောပါ"

အမှန်ပင်။ ကိုမိုးကို လှည့်ကြည့်ပြီး

"ကြည့်လုပ်လိုက်"

"ဟုတ်ကဲ့ မမလေး"

သခင် ဒီကိစ္စကို အမြန်ရှင်းရမည်။ မား ကိစ္စက ကိုမိုး တာဝန်ယူထားပြီ။ ဒီကိစ္စပြီး တဆက်ထဲ ဖြေရှင်းရမှာပေါ့။ ရဲတွေ ခေါ်ရာနောက် သူမ တစ်ယောက်ထဲ လိုက်လာခဲ့တော့ သည်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now