Unicode Version
နယ်စပ်ကနေ ပြန်လာပြီးနောက် လင်းရိပ် ရန်ကုန်မြို့ တွင်း အောင်ဒီပါကို ရှာဖွေရန် အစီအစဉ်ဆွဲသည်။
ကိုမိုးတို့ အဖွဲ့က လူအင်အား များပေမယ့် ရန်ကုန်မှာတော့ ခြံဝန်းအတွက်ပဲ ခေါ်ယူထားရာ။လက်ရှိတော့ နောက်ထပ် အယောက် နှစ်ဆယ် ကျော်ကို မြို့ ထဲခေါ်သွင်းလာသည်။
သီးသန့် ဌားရမ်းပေးထားသည်။ စားသောက်နေထိုင်ရန်စရိတ်ကတော့ သူတို့တွေအတွက် မပူပင်ရပေ။ မိုးဆန်းနဲ့သူမက ကျေးဇူး ရှိခဲ့ သည်မို့။ ငွေကြေးပိုင်းက ပြောစရာကို မလိုပါ။
ပြန်ရောက်ရောက်ခြင်း သခင့်ရဲ့အခြေအနေကို မေးမြန်းပြီးနောက် လုပ်ငန်းပိုင်း အစည်းအဝေးအတွက် တစ်ရက် အချိန်ကုန်သေး သည်။
Internships ဆင်းနေသည့် သခင့်ကို သွား တွေ့ရန် လိုအပ်နေသည်။ သို့သော် လက်ရှိအခြေအနေက သူမ အတွက် နားချိန်ကို မရှိ။
တလလုံး ညနေစာ စားချိန်ကိုပင် မနည်းဖဲ့ ပေးရင်းက ဘယ်လိုလုပ် တစ်လကုန်သွားလဲကို မသိရတော့ပေ။
အနွယ်တော်ရိပ်သာ တွင်လဲ စောင့်ကြည့်နေပေမယ့် ထူးခြားမှု မရှိလာ သည်က အနည်းငယ်တော့ ထူးဆန်းသည်။
"သူဌေး ဧည့်သည် ရောက်နေပါတယ်"
အပြင်သွားရန် ပြင်ဆင် ပြီးမှ ဧည့်သည် ဆိုတော့ သူ ဧည့်ခန်းထဲက စောင့်နေသည်။ တခြားသူမဟုတ်ပါ။ တချိန်က သူမတို့နေ ခဲ့တဲ့ ရွာနဲ့ပတ်သက်ပြီးအမှုစုံစမ်း ပေးခဲ့ သည့် စုံထောက်။မျိုးနိုင်ကျော်ပင်။
သူရောက်လာတော့ နည်းနည်းတော့ ထူးခြားမှု ရှိနိုင်တယ်
"အော အနှောက်အယှက်ပေးမိပါပြီ၊ မဦး အပြင် ကိစ္စ ရှိနေတာလား"
လင်းရိပ်က ပြုံးသည်။ ခေါင်းလေးညိတ်ကာ
"ထိုင်ပါအုံးရှင့် အချိန်ရှိပါတယ်။ အမှုက နည်းနည်း ထူးခြားတာများ ရှိလာပြီလား"
ဆယ်စုနှစ်တစ်ခုကိုပင်ကျော်လာခဲ့ပြီ မဟုတ်လား။ မျိုးနိုင်ကျော်က ပြင်ပ အလွတ်စုံထောက်ပါ။ ထောက်လှမ်းရေးခေတ်ကောင်းချိန်က အဖွဲ့ ဝင် ဖြစ်ခဲ့ပြီး ထို့နောက် အပြင်မှာပဲ အခကြေးငွေယူပြီး အလုပ်ဆက်လုပ်နေခြင်းပင်။
YOU ARE READING
လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)
Romanceဆန္ဒတစ်စုံတရာ ရှိလျှင်ဖြေပါ------ပေးဆပ်နေရမယ်ဆိုလဲ ကျေနပ်နိုင်ပါတယ်၊ ကိုယ်ချစ်ရသူကို ပေးဆပ်ရင်းနဲ့ပဲ နေထိုင်သွားပါရစေ။ ပိုင်ဆိုင်လိုတဲ့အရာရှိရင် ဖြေပါ-------ပိုင်ဆိုင်ခွင့်ဆိုတာ ကိုယ်နဲ့ထိုက်တန်ဦးမှလေ။ အမုန်းဆုံးလူသာဆိုလျှင်-----------ကိုယ်ချစ်ရသူရဲ...