ဒီလိုနဲ့ တစ်နေ့တစ်နေ့သူငယ်ချင်းတွေကျောင်းတက်လိုက် ညနေပြန်လာရင်ညစျေးမှာ စက်ဘီးလေးပါတ်စီးလိုက် တစ်ခါတစ်ရံ ပုဏ္ဏရိပ်သီးလေးတွေခိုးခူးပြီးပြေးကြလိုက်ပေါ့ သူငယ်ချင်းတွေနဲ့ဆော့ကစားပြီးပြန်လာလို့ညဘက်ရောက်ရင် ရိပေါ်ကကျန့်အာကိုစာပြလိုက် ကျန့်အာကြိုက်တတ်တာလေးတွေဝယ်ကျွေးရင်း ဆော့ပါများလို့ကျန့်အာခြေထောက်တွေနာရင် ကိုယ်တိုင်ဆေးလူးပေးလိုက်နဲ့ နှစ်တွေအလီလီ ရာသီတွေကူးပြောင်းလို့အချိန်တွေကုန်ဆုံးသွားလိုက်တာ အထက်တန်းနောက်ဆုံးနှစ်ဆိုတဲ့အချိန်ကိုရောက်လာခဲ့ကြပြီလေ
အကုန်လုံးလဲလူငယ်ဆိုတဲ့အရွယ်ကိုရောက်လာပြီး ရင်ခုန်တတ်တဲ့နှလုံးသားလေးတွေရှိလာခဲ့ပြီ
.
.
.
.
."ကျန့်အာ ထ ထ မြန်မြန်ထ"
ရာသီဥတုကအရမ်းအေးနေတဲ့အချိန်မို့ စောင်ပုံထဲနစ်ပြီးအိပ်နေတဲ့ရှောင်းကျန့်ကို ရိပေါ်ကအတင်းလှုပ်နှိုးသည် အိပ်ရေးမဝသေးတဲ့ကျန့်အာကတော့ နားနှစ်ဖက်ကိုပိတ် စောင်ထဲအတင်းခေါင်းပြန်ဝင်ကာနှိုးနေတဲ့အသံကိုမသိချင်ယောင်ဆောင်ကာပြန်အိပ်သည်
"ကျန့်အာ ထလို့ ငါတို့နှင်းတွေသွားဆော့ကြမယ်လေ မထဘူးလား"
"အိပေါ်...ငါအိပ်ချင်သေးတယ်လို့"
အိပေါ်လို့အသံရှည်ဆွဲပြီးခေါ်ကာချွဲနေတဲ့သူက တစ်ကယ်ကိုအိပ်ရေးမဝသေးတာ အိပ်ပုပ်လေးပေါ့
"လိမ္မာပါတယ်ကျန့်အာရာ ထတော့နော် စာကျက်ရမယ် စာမေးပွဲနီးနေပြီ"
မနက်တိုင်းအိပ်ပုပ်ပြီးမထတဲ့ရှောင်းကျန့်ကိုလာလာနှိုးရတဲ့အလုပ်ဟိုးလွန်ခဲ့တဲ့၅နှစ်ကတည်းက ညဘက်စာကြည့်တာမိုးချုပ်မှပြီးတာမို့ မနက်စောစောမနှိုးချင်ပေမယ့် စာမေးပွဲကနီးနေပြီမနှိုးလို့မရတော့ဘူး ကျောင်းကိုစောစောသွားပြီးစာတွေပြန်ကြည့်ရတော့မယ်လေ
"ကျန့်အာ ထပါကွာ လိမ္မာပါတယ်"
"အင်းးးးးထမယ် ခနလေး ငါးမိနစ် ငါးမိနစ်ပဲ"
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ