ကျန့်အာက အစောကတည်းက ဒီနောက်ဆုံးနှစ်ကို သူငယ်ချင်းတွေနဲ့ပဲ ယွီကန်မှာကျောင်းတက်ချင်ခဲ့တာမို့ ပြန်လာဖို့စီစဥ်ထားပြီးသား
သုံးနှစ်ပဲသွားမယ်ပြောပြီး ပြန်မလာဖြစ်တာက သူပြန်မလာမချင်းစာတွေပို့နေတဲ့အရူးလေးကို နည်းနည်းလောက်ညှင်းဆဲချင်တာရော အံ့သြစေချင်လို့လဲပါတယ်
သူသွားတဲ့အတောအတွင်း ပါပါးမာမားတို့နဲ့တစ်ပါတ်တစ်ခါဖုန်းပြောဖြစ်တယ် ဝမ်အားရီတို့နဲ့လဲခနခနစကားပြောဖြစ်တယ် အိပေါ်နဲ့ပဲမပြောဖြစ်တာ
ဝမ်အာရီကအကုန်ပြောပြတယ် အိပေါ်ကပန်းချီအတန်းတက်ပြီး ကျန့်အာပုံတွေချည်းဆွဲနေတဲ့အကြောင်း ကိတ်မုန့်ဖုတ်တာသင်ပြီးတော့လဲ အိမ်ကပါပါးနဲ့မားမားကိုလက်ရာလေးပေးမြည်းပါဆိုတာကို ကျန့်အာပြန်လာမှစားလို့ပြောတယ်ဆိုတဲ့အကြောင်း အိမ်ကအလုပ်လဲလစာနဲ့ပြန်လုပ်ပြီး အချိန်ပိုင်းအလုပ်လဲလုပ်ကာ ငွေစုနေတဲ့အကြောင်းတွေပြောပြတော့ အိပေါ်ရေးဖူးတဲ့စာကိုသတိရသွားပြီး ကျန့်အာတစ်ယောက်ဟက်ဟက်ပက်ပက်ရယ်ရသေးတယ် အာ့ကြောင့်ဝမ်အားရီက တော်တော်မွေးရကျိုးနပ်တဲ့သားလို့ပြောတာ
ကျန့်အာ အိပေါ်ဆီကစာတွေအမြဲရတယ် စာလာပို့တဲ့ဝန်ထမ်းနဲ့ဆိုတော်တော်တောင်ရင်းနှီးနေပြီ နိုင်နိုင်းဆို စာပို့သမားအိမ်ရောက်လာရင် မြေးသမက်ကလေးဆီကစာလာတယ်ဟေ့ဆိုပြီး အော်အော်ပြီးစတယ်
ချုံးချင့်အိမ်မှာ ကျန့်အာလိမ်လိမ်မာမာနဲ့စာတွေကြိုးစားသင်တယ် စန္ဒယားတီးတာလဲသင်ထားတယ် သိုးမွှေးထိုးတာတွေလဲသင်ထားတယ် အိပေါ်အတွက်က်ရည်ရွယ်ပြီးအဝါရောင်အနွေးထည်လေးတောင်ထိုးထားသေးတယ် သီချင်းတစ်ချို့ကိုလဲလေ့ကျင့်ထားတယ် နိုင်နိုင်းဆီကနေ အလှပန်းထိုးနည်းတွေလဲသင်ထားတယ် ဟင်းချက်နည်းတွေလဲသင်ထားတယ်
အိပေါ်ဆီကစာတစ်စောင်လာတိုင်း ယွန်းသေတ္တာလေးထဲသော့ခတ်သိမ်းတယ် ပြန်စာပေးဖို့တွေးလိုက်တိုင်း အိပေါ်ရဲ့တုံးအအမျက်နှာကိုမြင်ယောင်လာပြီး မသိချင်အုံးဆိုပြီး ပစ်ထားဖို့ပဲဆုံးဖြတ်လိုက်တယ်
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ