friend 2

2.2K 77 3
                                    

"အားကျန့် ဘာဖြစ်လာကြတာတုန်း ရိ​ပေါ်​လေးနဖူးမှာလဲ​​သွေး​တွေနဲ့ ဘာဖြစ်လာကြတာတုန်းကွယ်"

​ရိ​ပေါ်အိမ်ကိုမ​ရောက်ခင် ​ရှောင်းကျန့်အိမ်အရင်​​ရောက်တာမို့ ​ရှောင်းကျန့်ကို​ကျောပိုးပြီးလာ​နေတဲ့ရိ​ပေါ်ကိုမြင်တာနဲ့ ​ရှောင်းမားက အိမ်ထဲကပြာပြာသလဲထွက်လာပြီး ခြံတံခါးလာဖွင့်​ပေးသည်

"စက်ဘီးလဲတာ အားရီ"

"ဖြစ်ရမယ် လာလာအထဲဝင်ကြ"

အိမ်ထဲ​ရောက်​တော့​ကျော​ပေါ်က​ရှောင်းကျန့်ကိုအသာချ​ပေးလိုက်ပြီး ထိုင်ခုံရှည်ကြီးမှာ နှစ်​ယောက်သားဝင်ထိုင်လိုက်ကြသည်

"ပြစမ်းပါဦး နဖူးကဘာနဲ့ထိရတာတုန်း ​ယောင်​နေပြီ"

​ရှောင်းမားက ​ရှောင်းကျန့်ကိုကြည့်တာ လက်ကပွန်းရာပဲရှိတာမို့ နဖူး​ပေါက်သွားတဲ့ရိ​ပေါ်ကို အရင်ကြည့်​ပေး​နေသည်

"သားကရတယ် အားရီ ကျန့်ကိုကြည့်​ပေးပါအုံး"

"အမ​လေးရိ​ပေါ်​လေးရယ် အားကျန့်ကလက်ပဲပွန်းတာ ပြီးမှအားရီ​ဆေးထည့်​ပေးလိုက်ပါ့မယ် ခန​လေးအားရီ​ဆေးသွားယူအုံးမယ်"

"ဟုတ်အားရီ"

​ရှောင်းမားထွက်သွားမှ ​ရိ​ပေါ်အနားကို​ရှောင်းကျန့်ကကပ်လာပြီး စားပွဲ​ပေါ်ကတစ်ရှူး​ယူကာ ရိ​ပေါ်နဖူးက​​ချောက်လုနီးပါးဖြစ်​နေတဲ့​သွေးစ​လေး​တွေကိုသုတ်​ပေးလိုက်တယ်

"​​တော်​တော်နာ​နေလား "

"မနာ​တော့ပါဘူး"

"အဲ့ဒါဟိုအပင်​ကြောင့် အဲ့အပင်ကသရဲရှိ​နေလို့ ​ ငါကမြန်မြန်နင်းခိုင်းရတာ အဲ့အပင်မရှိ​အောင်ခုတ်ပစ်ရမှာ"

"ရှူးတိုးတိုးလုပ်ပါ ကျန့်ရ ​တော်ကြာအပင်ကသရဲကြားသွားပြီး လာ​ခြောက်​နေပါ့မယ်"

"ဟင်!!"

ရိ​ပေါ်​ပြောလိုက်မှ မျက်လုံး​လေးပြူးကာလန့်သွားတဲ့ သူကိုကြည့်ပြီး ရိ​ပေါ် တစ်ဖက်လှည့်ကာ ခိုးရယ်လိုက်သည်

"အိ​ပေါ် သရဲကအဲ့လိုကြားရတာလား?"

"အင်း သရဲကသူ့မ​ကောင်း​ကြောင်း​ပြောရင်ကြားတယ်တဲ့"

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now