ရိပေါ်တို့သူငယ်ချင်းတွေကျောင်းကပြန်လာကတည်းက လမ်းမှာဘယ်သူ့ကိုမှစကားမပြောဘဲမျက်နှာစူပုတ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ကာ အချင်းချင်း အမူအယာနဲ့မေးနေကြသည် ကျိုးချန်က ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်ဘက်မေးငေါ့ပြီး ဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့မေးတော့ ရိပေါ်လဲခေါင်းသာခါပြလိုက်ပြီး ရှောင်းကျန့်ပုခုံးလေးကိုလှမ်းကိုင်ပြီး မေးဖို့ပြင်ရသည်
"ကျန့်အာ...ဘာဖြစ်လို့လဲဟင် ဘယ်နားနေမကောင်းလို့လဲ"
ရိပေါ်မေးလိုက်ကာမှ တစ်ဖက်လှည့်သွားကာ နှုတ်ခမ်းပိုဆူသွားတာကြောင့် ရှောင်းကျန့်လှည့်သွားတဲ့ဘက်ကိုရိပေါ်လိုက်ရပြန်သည်
"ကျန့်အာ...ဘာဖြစ်နေတာလဲဟင်...ငါ့ကိုစိတ်ဆိုးနေတာလား"
ထိုအခါမှ ဆတ်ခနဲရိပေါ်ဘက်လှည့်ကြည့်ကာ မျက်စောင်းလှမ်းထိုးသည်
"ကျန့်အာလို့..."
"အိပေါ်...ငါဒီနေ့အရိုက်ခံရတယ်လေ မင်းသိရဲ့သားနဲ့"
ထိုအခါမှကျန့်အာဘာဖြစ်နေမှန်းရိပေါ်သဘောပေါက်တော့သည် ဒီနေ့ကျောင်းမှာ သင်္ချာချိန်ရောက်တော့ဆရာမက တစ်ယောက်ချင်းစီသင်္ချာထွက်တွက်ခိုင်းသည် မတွက်နိုင်တဲ့သူကို ကြိမ်လုံးနဲ့ခြေသလုံးကိုရိုက်သည် ဖြစ်ချင်တော့ ရိပေါ်တို့သူငယ်ချင်းငါးယောက်ထဲမှာ ကျန့်အာတစ်ယောက်တည်းကွက်ပြီးအရိုက်ခံရတာ
"ကျန့်အာရာ ဆရာမကစာမရလို့ရိုက်တာပါ နောက်ကျအရိုက်မခံရအောင်စာပိုကြည့်ရမှာပေါ့ နော် စိတ်ဆိုးမနေပါနဲ့တော့"
ရိပေါ်ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်ရိပေါ်ကိုနှုတ်ခမ်းဆူပြီးကြည့်လိုက်သည်
"ဆရာမကိုမဟုတ်ဘူး မင်းကို"
"ဟင်?ဘာကို"
ကျန့်အာဘာကိုပြောချင်တာလဲရိပေါ်ခုထိနားမလည်သေးဘူး
"ဆရာမကိုစိတ်ဆိုးတာမဟုတ်ဘူး မင်းကိုလို့!!!"
"အားးးကျန့်ကျန့်ရာနာကိုအူသွားတာပဲ"
![](https://img.wattpad.com/cover/357533903-288-k671961.jpg)
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ