"အိပေါ် ငါတို့စက်ဘီးသွားစီးရအောင်နော်"
သူငယ်ချင်းတွေဆီလျှောက်လည်ပြီးပြန်လာတဲ့လမ်းမှာ ကျန့်အာက လေးလေးပင်ပင်လမ်းလျှောက်ရင်းမှ အိပေါ်လက်မောင်းလေးကိုကိုင်လှုပ်ကာပြောလာသည်
"ကျန့်ကသွားစီးချင်လို့လား ညနေမှသွားမယ်လေကွာ အခုနေအရမ်းပူနေတယ် နော်"
"အင်းပါ ဟွန်းးးး"
"ကျန့် စိတ်ဆိုးသွားတာလားဟင်"
"အိပေါ် အားတိုင်းစိတ်ဆိုးနေရအောင် ငါကလေးမှမဟုတ်တော့တာ ငါပျင်းလို့ပါ"
သူ့လက်မောင်းကိုဖက်တွယ်ထားတဲ့လက်ကလေးတွေကိုလွှတ်လိုက်တဲ့ ကျန့်အာဆီသက်ပြင်းချသံလေးကြားတော့ သူ့ကိုစိတ်ဆိုးသွားတယ်အထင်နဲ့ အိပေါ် ပြာယာခပ်သွားရပြန်သည် ဒါကြောင့်သူငယ်ချင်းတွေကပြောတာ မင်းကအရမ်းပိုတယ်တဲ့ ပြောလဲမတတ်နိုင်ပါဘူး အိပေါ်မှာ ဂရုစိုက်စရာဆိုလို့ ကျန့်အာတစ်ယောက်တည်းရှိတာလေ
"အရမ်းပျင်းနေတာလားကျန့်အာ"
နှုတ်ခမ်းလေးကိုတစ်တောင်လောက်ထွက်အောင်ဆူထော်ပြီး ခေါင်းလေးတစ်ဆတ်ဆတ်ညိမ့်ပြလာတဲ့သူကိုကြည့်ကာ အိပေါ်မျက်နှာမှာအလိုလိုပြုံးမိလျက်သား
"ချစ်စရာကောင်းလိုက်တာ ကျန့်အာရာ"
"နာသွားပြီ"
သူဆွဲပြီးဖျစ်ညစ်လိုက်တာကြောင့် ရဲတွတ်သွားတဲ့ပါးလေးကိုကိုင်ကာ အိပေါ်ကိုမျက်စောင်းလေးလှမ်းထိုးသည်
"ဖွဖွ နာသွားလား ငါကအသည်းယားလို့ပါ ကျန့်ကချစ်ဖို့ကောင်းလွန်းတာကိုး"
အိပေါ်ကိုမျက်စောင်းလေးထိုးကာ တစ်ဖက်လှည့်ပြီး ခိုးပြုံးနေတဲ့သူကကျန့်အာ သူစလိုက်လို့ရှက်ပြီးရဲသွားတဲ့နားရွက်ဖျားလေးတွေကိုကြည့်ပြီး သဘောတကျပြုံးနေခဲ့တာက အိပေါ်
"ကျန့် ငါလေ...."
"ငါရေခဲမုန့်စားချင်တယ်အိပေါ်"
"အမ်...အော်....အင်း...သွားစားမယ်လေ"
"လာ....ငါသိတဲ့ဆိုင်ရှိတယ်"
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ