အိပေါ် ကျန့်အာတို့အိမ်ရှေ့လေးမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ လက်နှစ်ဖက်ကိုဆုပ်နယ်ပြီးအိမ်ထဲဘယ်လိုပြောပြီးဝင်ရမလဲ စဥ်းစားနေတာအတော်ကြာနေပြီ
ခနလောက်နေတော့ ကျန့်အာတို့အိမ်တံခါးကပွင့်လာပြီး ရှောင်းအားရီထွက်လာတာတွေ့လိုက်သည် ရှောင်းအားရီကအိမ်ထဲကထွက်လာပြီး ခြံတံခါးဘက်လျှောက်လာသည် ကြည့်ရတာ စျေးဆိုင်သွားမလို့ထင်တယ် အားရီကိုတွေ့တာနဲ့ အိပေါ် တံခါးနားကခြေနှစ်လှမ်းဆုတ်လိုက်ပြီး ဆုပ်ကိုင်ထားတဲ့လက်တွေကို ပိုပြီးတင်းကြပ်မိလိုက်သည်
"ရိပေါ်လေး ဘယ်လိုလုပ် ရောက်နေတာလဲ မိုးချုပ်နေပြီလေ"
"အားရီ ကျွန်တော် ကျန့်နဲ့ခနတွေ့လို့ရလား"
ရှောင်းအားရီနဲ့မျက်လုံးချင်းမဆုံဘဲခေါင်းငုံ့ကာပြောလိုက်သည်
"အော် ဘာများပြောမလို့လဲလို့ ခါတိုင်းလဲလာနေကျပဲကို အားကျန့်ကအိပ်နေတယ်ထင်တယ် သွားကြည့်လိုက်လေ အားရီကဒီနားကစျေးဆိုင်ခနသွားမလို့"
"ဟုတ်...ဟုတ်အားရီ"
ရှောင်းမားခွင့်ပြုချက်ရတာနဲ့ အိပေါ် အိမ်ထဲကိုဝင်လာခဲ့ပြီး ကျန့်အာအခန်းတံခါးရှေ့ရောက်လာသည် ကျန့်အာကအိပ်နေတာထင်တယ် သူခေါ်လိုက်ရမလား မခေါ်ဘဲပြန်ရမလား တွေဝေနေတာ မိနစ်အနည်းငယ်လောက်ကြာသွားသေးသည်
ပြီးမှရောက်လက်စနဲ့မထူးပါဘူးဆိုပြီး အခန်းတံခါးခေါက်ဖို့ပြင်တော့ အနောက်ကအသံကြောင့် တံခါးခေါက်မယ့်လက်တွေတောင် တွန့်သွားတယ်
"အဲ့ဒါ အိပေါ်လေးလား"
"ဟုတ်...ဟုတ်ပါတယ် နိုင်နိုင်း"
အိပေါ် နိုင်နိုင်းရှိတဲ့ဘက်လှည့်ပြီးပြန်ဖြေလိုက်သည်
"အားကျန့်ဆီလာတာလား မိုးချုပ်နေပြီလေကလေး"
"ဟုတ် ကျန့်...ကျန့်နဲ့...စကား....ခန...လောက် ပြော..ပြောချင်လို့"
သူကအခုချိန် သူများအိမ်လာပြီး သူများသားသမီးကို ရည်းစားစကားပြောဖို့လာတာလေ အိမ်ကနေအလောတကြီးထွက်လာတုန်းက မစဥ်းစားမိလိုက်ဘူး အခုမှဘယ်ကစပြောရမှန်းလဲမသိဘူး အထစ်ထစ်အငေါ့ငေါ့
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ