"ကျန့်ကိုချစ်တယ်"
ဖွင့်ဟဝန်ခံမှုနဲ့အတူပါးပြင်ပေါ်ကျရောက်လာတဲ့ ပူနွေးနွေးအထိအတွေ့လေးကြောင့် ကျန့်အာ အာရုံကြောတွေအားလုံး လျှပ်စီးတစ်ခုဖြတ်သန်းသွားသလိုခံစားလိုက်ရသည် သူခနတော့မှင်သက်နေမိသည် အိပေါ်ကိုမျက်လုံးအဝိုင်းသားလေးနဲ့ပြန်မော့ကြည့်မိတော့ အိပေါ်က မျက်နှာထက်မှာအပြုံးချိုချိုလေးတစ်ခုချိတ်ဆွဲကာထပ်ပြောလာတယ်
"ချစ်တယ်"
ကျန့်အာ မျက်တောင်လေးတွေတစ်ဖြတ်ဖြတ်ခတ်သွားပြီး ခေါင်းလေးငုံ့ကာ ရှက်ရဲရဲသွားတဲ့မျက်နှာလေးကို အိပေါ်အမိအရကြည့်နေမိသည်
"ဝိုးးးးးအရမ်းလိုက်တယ်ဟေးးးးး"
"ချစ်စရာလေးတွေဟာ ဒီကလေးတွေကိုပဲဆုပေးလိုက်ကြပါတော့"
"ချစ်သူဖြစ်တာမကြာသေးဘူးထင်တယ် ရှက်နေကြတာကြည့်ပါအုံး"
ဘေးနားတစ်ဝိုက်က သူတို့နှစ်ယောက်ကိုကြည့်ကာလက်ခုပ်တီးပြီး ပြောနေကြတဲ့အသံတွေကြောင့် ကျန့်အာ နဂိုရဲနေတဲ့မျက်နှာလေးက ပိုလို့တောင်ရဲဆွေးလာခဲ့သည် အိပေါ်ကလဲ ထိုအသံများကြောင့် အနေရခက်လာတာမို့ ဂုတ်ပိုးကိုလက်နဲ့ပွတ်ပြီးခေါင်းငုံနေလိုက်သည်
"ရပြီနော်ညီလေးတို့ နာမည်တွေလာပြောပေးနော် နေ့လည် ၁၂နာရီကျ voteစနစ်နဲ့ရွေးပြီးကြေငြာပေးမယ် ကံကောင်းပါစေ"
Camera menရဲ့အသံက အနေခက်နေတဲ့သူတို့အတွက်တော့ ကယ်တင်ရှင်တစ်ပါးလိုပဲ
"ဟုတ် ကျေး..ကျေးဇူးတင်ပါတယ်"
နှစ်ယောက်သား ကျေးဇူးတင်စကားပြောပြီးတာနဲ့ နာမည်ပြောပြီး ထိုနေရာကနေအမြန်ပြေးထွက်ခဲ့ကြသည် အရှက်သည်းနေတဲ့နှစ်ယောက်က မျက်နှာချင်းဆိုင်မိတာနဲ့ ရှောင်ပြေးဖို့လုပ်ရင်း နဖူးချင်းပါတိုက်မိတဲ့အထိ
တိုက်မိလို့နာသွားတဲ့နဖူးလေးကိုကျန့်အာက သူ့လက်ကလေးနဲ့အသာပွတ်နေသည် အိပေါ်လဲ နဖူးပေါ်ကကျန့်အာလက်ကလေးကိုအသာယူကာ သူ့လက်နဲ့နဖူးကိုပွတ်ပေးလိုက်သည် ကျန့်အာကတော့ခေါင်းလေးငုံ့လို့ဒီအချိန်မှာ သူစိုးရိမ်နေတာ ကျန့်အာသူ့ကိုစိတ်ဆိုးသွားမလားဆိုတာပဲ ကျန့်အာဘက်ကအငြင်းစကားမပြောပေမယ့်လို့ပေါ့
![](https://img.wattpad.com/cover/357533903-288-k671961.jpg)
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ