ဒီနေ့က တနင်္ဂနွေနေ့မို့ ဂတိပေးထားတဲ့အတိုင်းကျန့်အာနဲ့အတူအပြင်သွားဖို့ မနက်စောစောကတည်းကရိပေါ်ထပြင်နေသည်
"သားဝမ် ဘယ်ကိုသွားမလို့တုန်း စောစောစီးစီးပြင်ဆင်နေတာ"
"ကျန့်ကအပြင်သွားချင်တယ်ဆိုလို့ လိုက်ပို့မလို့ပါ"
"စာမေးပွဲနီးပြီလေ သားရယ် စာကျက်မှပေါ့ စာမေးပွဲပြီးမှသွားလဲရတာပဲကို"
"စာကရနေပြီ မားရဲ့ ကျန့်နဲ့အတူတူညတိုင်းစာလုပ်နေတာပဲ စာကရတယ် စိတ်မပူနဲ့"
"အေးပါ အေးပါ မင်းတို့ရတယ်ဆိုလဲပြီးတာပဲ ဒါနဲ့သားဝမ် ကောင်မလေးတွေရနေပြီလား"
"အာ...မားကလဲ ကျွန်တော့မှာ ကျန့်တစ်ယောက်ထဲနဲ့တောင်မအားတာ ဘယ်လိုလုပ်ကောင်မလေးထားဖို့အချိန်ရှိမှာလဲ"
ဝမ်မား ခေါင်းသာညှိမ့်မိသည်
"အေးပါ ပြီးတာပဲ အပြင်သွားရင်ထူထူထဲထဲလဲဝတ်သွားအုံး သားကျန့်လေးကိုလဲ အနွေးထည်ထူတာဝတ်ခိုင်း အပြင်မှာအရမ်းအေးတယ်"
"ဟုတ်မား ဒါနဲ့လေ အားရီမေးရင် စာသွားလုပ်တယ်လို့ပြောပေးနော် တော်ကြာ ကျန့်အဆူခံနေရမယ်"
"ဟင်? မားကဘာကိစ္စလိမ်ပေးရမှာတုန်း အပြင်သွားတယ်ဆိုသွားတယ်ပေါ့"
"မားကမသိဘူး အားရီက စာမေးပွဲနီးလို့ စာပဲကျက်ခိုင်းထားတာအပြင်မသွားခိုင်းဘူး အခုအပြင်ခိုးသွားတာဆိုရင် အဆူခံရမှာမားရ ပြောပေးနော်မား"
"အဲ့ဒါနဲ့ပဲကျမကလိမ်ပေးရမယ်ပေါ့ ဟုတ်လားကိုယ်တော်လေး"
"ဟီးးးးးမားကလဲ တစ်ခါတည်းပါ ချစ်တယ်နော် အာဘွား အာဘွား သွားပြီ ဘိုင့်"
"ဒီကလေး!!!"
လက်ပြပြီးပြေးထွက်သွားတဲ့သားဖြစ်သူကိုကြည့်ပြီး ဝမ်မား ခေါင်းသာခါမိသည်
.
.
.
.
.
"ဟော ရိပေါ်လေးတောင်လာပြီ အားကျန့် မပြီးနိုင်တော့ဘူးလား အမြဲသူများကစောင့်နေရတယ်"ရှောင်းမားကတော့ စာသွားလုပ်ကြမယ်အထင်နဲ့ ပြင်ဆင်လို့မပြီးနိုင်တဲ့ ရှောင်းကျန့်ကိုဆူပူနေတော့သည်
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ