မနက်ခင်းကသာယာနေပေမယ့် နှစ်ယောက်သောသူတို့ရဲ့ရင်ထဲမှာတော့ မိုးကအုံ့နေတယ် ဖြစ်နိုင်ရင် အချိန်တွေကိုခနလောက်ရပ်ထားမိချင်ပါရဲ့ ကြိုသိထားပေမယ့် မခွဲနိုင်သေးဘူး
အိပေါ် အိမ်ကပြေးထွက်လာတော့ ကျန့်အာတို့အိမ်မှာ မားရော ပါးရောရောက်နှင့်နေပြီ ရှောင်းအားရီနဲ့ ရှောင်းပါးက ချုံးချင့်ပြန်ကြတော့မယ့် နိုင်နိုင်းရဲ့အဝတ်စားထုပ်တွေကိုကူပြင်ပေးရင်း နှုတ်ဆက်နေပြီး ကျန့်အာကိုလဲ တိုးတိုးနဲ့မှာနေတယ်
မားကတော့ မနေ့ညကအိမ်မှာ ကြော်ထားတဲ့ ငါးခြောက်ကျွတ်ကြော်တွေရယ် နိုင်နိုင်းအတွက် ဆေးလက်ဖက်ရည်တစ်ချို့ကိုဖျော်ပြီး ဖန်ဘူးထဲထည့်ပေးနေသည် ကျန့်အာကိုလဲ လိမ်လိမ်မာမာနေဖို့ စာကြိုးစားဖို့မှာနေသေးသည်
အိပေါ်အိမ်ထဲဝင်တော့ အားရီကပြုံးပြလာပြီး နိုင်နိုင်းကဖက်ပြီးနှုတ်ဆက်တယ် စာကြိုးစားဖို့လဲမှာသေးတယ် အိပေါ်လေးက လိမ္မာပြီးသားမို့ တကူးတကမှာစရာမလိုပါဘူးတဲ့
တစ်ခြားသူတွေပြောနေကြတာကိုအိပေါ်အာရုံလဲမရချင်ပါဘူး ဒါပေမယ့် ယဥ်ကျေးမှုအရတော့ ပြုံးပြလိုက်ပါသေးသည် သူအာရုံရနေတာတစ်ခုက ကျန့်အာမျက်နှာလေးမှာ
ကျန့်အာကြည့်ရတာ သူ့လိုပဲဝမ်းနည်းနေသလိုပေါ်တယ် သူ့ကိုမြင်တော့ရေးရေးလေးပြုံးပြတယ် မျက်ဝန်းလေးတွေကတော့ရဲလို့
သူကျန့်အာရှိတဲ့နားကိုသွားထိုင်တော့ ကျန့်အာကသူ့လည်ပင်းတွေကနေဖက်လာတယ်
"အိပေါ် ငါမြန်မြန်ပြန်လာမယ်နော် စောင့်နေမယ်မှတ်လား?"
အိပေါ်လဲ ကျန့်အာခေါင်းလေးကိုပွတ်ပေးလိုက်ပြီး အဆက်မပြတ်ခေါင်းညိမ့်ပြတော့ ကျန့်အာကဖက်ထားရာကနေ လွှတ်ပြီး သူ့မျက်လုံးတွေကိုကြည့်တယ်
"မစောင့်နေရင် လက်သီးနဲ့ထိုးမှာနော် တစ်သက်လုံးလဲမခေါ်တော့ဘူး"
"ငါဘယ်တုန်းက ကျန့်အာစိတ်ညစ်အောင်လုပ်ဖူးလို့လဲ ဟင် ငါလုပ်ဖူးလားကျန့်အာ"
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ