ညနေ နေဝင်ရီတရောမှာ လူပေါင်းများစွာကိုသယ်ဆောင်လာတဲ့ ရထားလေးတစ်စင်းကတော့စည်းချက်မှန်မှန်နဲ့ခုတ်မောင်းလို့
ရထားပေါ်ရှိမိသားစုကိုယ်စီကနေ စကားပြောသံ ကလေးငယ်လေးတွေရဲ့အော်ဟစ်ဆော့ကစားသံလေးတွေက တိတ်ဆိတ်နေတဲ့တောင်တန်းတွေကိုဖြတ်သန်းသွားနေရတဲ့ရထားအတွင်းကလူတစ်ချို့အတွက်တော့ အထီးကျန်မှုတွေကင်းဝေစေတယ် ထိုလူတွေထဲကမှ ထောင့်အကျဆုံးတစ်နေရာမှာတစ်ယောက်တည်းထိုင်နေတဲ့လူငယ်လေးလဲရှိတယ်
နှစ်ဆယ်ကျော်အရွယ်ရဲ့ သစ်လွင်မှုတွေပြည့်နေတဲ့ဒီလူငယ်လေးက နားနှစ်ဖက်အတွင်းမှာနားကြပ်အဖြူလေးနှစ်ဖက်ကိုတပ်ရင်း တောင်တန်းတွေကလာတဲ့လတ်ဆတ်တဲ့လေထုကိုခံစားနေသည်
တောင်တန်းတွေနဲ့အပြိုင်လှတဲ့ထိုလူငယ်လေးက သီချင်းတစ်ပုဒ်ကိုထပ်ခါတစ်လဲလဲနားထောင်ရင်း မျက်နှာမှာအပြူံးတစ်ချို့ချိတ်ဆွဲလို့ အတွေးနယ်ချဲ့နေလေရဲ့
.
.
.
.
ကျောင်းပိတ်ရက်တွေလဲမရပ်မနား အချိန်ပိုင်းအလုပ်တွေလိုက်လုပ်နေတဲ့အိပေါ်က ဒီမနက်သူသွားရမယ့်convenience storeဆီအလုပ်သွားဖို့ပြင်နေတုန်း သူ့ဖုန်းလေးဆီကNotiသံလေးထွက်လာသည်
အိပေါ်လဲမနက်စာစားနေရင်းဖုန်းကိုယူကြည့်တော့
မျက်ခုံးတွေတွန့်ချိုးသွားသည် စာပို့ထားတာကတိုတိုလေးပါ"Hi နေကောင်းရဲ့လား"တဲ့
အိပေါ်လဲ တစ်ခါမှမမြင်ဖူးတဲ့ဖုန်းနံပါတ်မို့ စာပြန်ပို့မနေတော့ပဲ စားလက်စပေါင်မုန့်တစ်ချပ်ကို ပါးစပ်ကကိုက်ကာ ပါးနဲ့မားကိုနှုတ်ဆက်ရသည်
"ပါး မား ကျွန်တော်အလုပ်သွားပြီ"
"သားဝမ် နေပါအုံး ဒီနေ့တော့မသွားပါနဲ့လား"
"ဘာလို့လဲမား အလုပ်ကပျက်လို့မရဘူး ကျောင်းပြန်တက်ရင်လုပ်ရတော့မှာမဟုတ်ဘူး သွားပြီမား"
မားထပ်တားနေမှာစိုးလို့ အမြန်လက်ကာပြပြီးအိမ်ထဲကပြေးထွက်ခဲ့သည် မားလှမ်းအော်နေတဲ့စကားသံလဲသူမကြားတော့ဘူး
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ