စေ့စပ်ပွဲပြီးကတည်းက အိပေါ်ကအလုပ်တွေကြိုးစားလုပ်တယ် ကုမ္ပဏီတွေမှာအလုပ်လျှောက်ထားပေမယ့် မရသေးတာမို့ အချိန်ပိုင်းအလုပ်တွေပဲတစ်နေကုန်တန်းစီပြီးလုပ်တယ် တစ်ခါလေညဘက်တွေပြန်လာတာနောက်ကျတာမို့ ကျန့်အာကစိတ်ပူပြီး လမ်းထိပ်မှာသွားသွားစောင့်တယ် ကျန့်အာကိုလမ်းထိပ်မှာတွေ့ရင် အိပေါ်က စိတ်မချလို့ဆိုပြီးဆူပါလေရော
ကျန့်အာကတော့ ပါးရဲ့စာအုပ်ဆိုင်လေးမှာပဲ ဝိုင်းကူပေးတယ် မုန့်ဖိုးမျက်နှာနဲ့လေ လတိုင်းရတဲ့ငွေလေးတွေကိုစုဘူးတစ်ခုထဲထည့်စုတယ်
အခုဆို သူတို့နှစ်ယောက်အလုပ်အတူတူလုပ်ပြီး စုထားတဲ့ငွေလေးလဲ စုဘူးထဲပြည့်နေပြီ ဝမ်ပါးရဲ့ဆိုင်လေးကလဲအများကြီးတိုးတက်လာပြီတစ်ပါတ်ရစ်ဆိုင်ကယ်လေးတွေရောင်းရာကနေ ဆိုင်ကယ်အသစ်တွေပါရောင်းနေပြီ အစကရပ်ကွက်ထဲရောင်းနေရာကနေ အခုဆိုလူစည်ကားတဲ့လမ်းမတန်းမှာ ဆိုင်ပြောင်းဖွင့်လိုက်ပြီ ဝမ်ပါးကအိပေါ်ကိုအပြင်မှာအလုပ်ထွက်မလုပ်ခိုင်းတော့တာမို့ အိပေါ်ကအချိန်ပိုင်းအလုပ်တွေထွက်ပြီး ဝမ်ပါးဆီမှာပဲအလုပ်လုပ်တော့တယ်
ကျန့်အာတို့စာအုပ်ဆိုင်လေးက တနင်္ဂနွေဆိုပိတ်တာမို့ ဘယ်မှသွားစရာမရှိ အိပေါ်ကလဲ မနေ့ကတည်းကဆိုင်မှာအလုပ်အရမ်းများလို့ သူနဲ့စကားတောင်မပြောဖြစ်တာမို့ ကျန့်အာပဲ အိပေါ်တို့ဆိုင်ကိုသွားရတော့တယ်
ကျန့်အာဆိုင်ရှေ့ရောက်တာနဲ့အိပေါ်က ဆိုင်ကယ်တစ်စီးနဲ့ထွက်လာတယ်"ကျန့် ခုပဲလာခေါ်တော့မလို့ကို"
"ဘယ်ကိုသွားမလို့လဲအိပေါ်"
"ဒီနားခန လာတက်လေကျန့်"
အိပေါ်ကဆိုင်ကယ်ခုံကိုပုပ်ပြတော့ ကျန့်အာလဲအိပေါ်ခါးကိုကိုင်ပြီးနောက်ကခွထိုင်လိုက်တယ်
"မနေ့ကမင်းငါ့ကိုပစ်ထားတယ်"
သူ့ခါးကိုဖက်ကာ ကျောပြင်ထက်မေးလေးတင်ပြီးချွဲချွဲနွဲ့နွဲ့ပြောလာတာကြောင့် အိပေါ်ခေါင်းလေးကိုနောက်လှည့်ပြီးပြုံးလိုက်မိသည်
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ