နှစ်ယောက်သားအတူထွက်လာခဲ့တဲ့နေရာက ပန်းခြံတစ်ခုစီသို့ ကျယ်ပြောလှတဲ့ပန်းခြံကြီးထဲမှာအရောင်အသွေးစုံလင်လှတဲ့လူတွေဟိုတစ်စု သည်တစ်စု ပန်းနုရောင်ခြယ်သထားတဲ့ခုံတန်းလှလှလေးတွေမှာတော့ အချစ်ငှက်ကလေးတွေကိုယ်စီနဲ့ပေါ့ ရောင်စုံပန်းလေးတွေကနေရာအနှံ့မှာ ကိုယ်စီပွင့်လန်းလို့ ပန်းခြံကြီးကိုအလှဆင်နေကြလေရဲ့ နေရာတိုင်းလိုလိုမှာ ပြေးလွှားဆော့ကစားနေကြတဲ့ကလေးတွေရယ် ဒီဇိုင်းလှလှလေးတွေနဲ့ဆွဲဆောင်နေတဲ့ ရေခဲမုန့်ဆိုင်လေးတွေကလဲ ပန်းခြံကြီးထဲမှာလှပတဲ့ပန်းချီကားတစ်ချပ်သဖွယ်
"ကျန့် ဒီပန်းခြံကြီးကအရင်ကအဲ့လောက်မလှဘူးသိလား တစ်ခုခုလိုနေသလိုပဲ အခုမှ ပိုလှပြီး ပိုပြည့်စုံသွားတာ"
"အိပေါ် မင်းကစကားလုံးလှလှလေးတွေပြောလို့ပါလား မင်းဘယ်ကောင်မလေးကိုသွားပြောလာတာလဲ ပြောစမ်း ဒီပန်းခြံကရောဘာလို့ခုမှပိုလှသွားရတာလဲ မဟုတ်မှ မင်းကောင်မလေးနဲ့ချိန်းဖို့ ငါ့ကိုအဖော်ခေါ်လာတာလား"
ကျန့်အာ မေးသာမေးရတာ အိပေါ်ဆီကကြားရမယ့်အဖြေကိုကြောက်နေမိသည် တစ်ကယ်လို့များ အိပေါ်က ကောင်မလေးတစ်ယောက်နဲ့များချစ်နေခဲ့ရင်ဆိုတဲ့အတွေးက သူ့ရင်ကိုမငြိမ်မသက်ဖြစ်စေတယ် အဲ့ဒါကြောင့်မေးခွန်းတွေတရစပ်ကိုမေးနေတော့တာ
အိပေါ်ကတော့ နှုတ်ခမ်းတစ်ချွန်ချွန်နဲ့ထင်ရာစွတ်ပြောနေတဲ့ ယုန်ပေါက်ရဲ့နှုတ်ခမ်းကို တစ်ကယ်ကိုအသည်းယားနေပြီ နောက်ဆုံးမနေနိုင်တော့တဲ့အဆုံး ကျန့်အာရဲ့နှာခေါင်းချွန်ချွန်လေးကို လက်နဲ့အသာညှစ်လိုက်မိသည်အထိပဲ
"မဟုတ်ရပါဘူးကျန့်ရာ"
"ပြီးတာပဲ"
ဘောက်ဆက်ဆက်နဲ့တစ်ဖက်လှည့်သွားတံဲ့မျက်နှာလှလှလေးကိုအမိအရလိုက်ဖမ်းကြည့်မိသည် သူ့မျက်လုံးတွေကတစ်နေရာအရောက်တော့ နှုတ်ခမ်းတွေ တွန့်ကွေးသည်အထိပြုံးလိုက်ပြီး
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ