နှစ်ယောက်သား ခေါက်ဆွဲပူပူလေးသွားစားပြီး အိမ်ကိုပြန်တော့ ကားပေါ်မှာရှိနေတဲ့တစ်တောက်လျှောက်လုံးကျန့်အာ ကိုယ်လေးကတဖြည်းဖြည်းပူနွေးနွေးဖြစ်လာသည် နှင်းတွေထဲတစ်နေကုန်ဆော့ထားတော့ ဖျားချင်ပြီထင်ပါတယ် နှာထိပ်လေးတွေလဲရဲလို့
"ဟတ်ချိုး ဟတ်ချိုး ရွှတ်"
ချမ်းလွန်းလို့ကိုယ်လေးတုန်ကာ နှာတွေချေပြီး နှာတစ်ရှုံ့ရှုံ့ဖြစ်နေတဲ့ ကျန့်အာကိုကြည့်ကာ ရိပေါ်အိမ်ကိုအမြန်ပြန်ရောက်ချင်နေပြီ အေးစက်နေတဲ့ ကျန့်အာလက်ကလေးကိုကိုင်လိုက် နဖူးလေးကိုစမ်းလိုက်နဲ့အလုပ်ရှုပ်နေသည်
"အိပေါ်....ငါအရမ်းချမ်းတယ် ဟတ်ချိုး.."
"လက်ကလေးတွေနွေးသွားအောင်လုပ်ပေးမယ်နော်"
ကျန့်အာလက်ကလေးနှစ်ဖက်ကိုကိုင်ကာ သူ့လက်တွေနဲ့ဆုပ်နယ်ပေးပြီး အာငွေ့ပေးနေလိုက်သည်
ခနကြာတော့ချမ်းလို့တုန်နေတဲ့ကိုယ်လေးကငြိမ်သွားတာမို့ ရိပေါ်ဘေးကိုလှည့်ကြည့်တော့ ကျန့်အာက အိပ်ပျော်နေသည် ကားထိုင်ခုံကိုမှီပြီးငုတ်တုပ်အိပ်နေတာကြောင့် ဇက်နာသွားမှာစိုးတာနဲ့ ကျန့်အာရဲ့ခေါင်းလုံးကလေးကို သူ့ပုခုံးပေါ်တင်ပေးလိုက်သည် တစ်ချက်တစ်ချက်ကားကလှုပ်နေတာမို့ ယိုင်သွားတဲ့ကိုယ်လေးကြောင့် ကျန့်အာခေါင်းအုံးထားတဲ့ ပုခုံးကိုအသာမကာ ခေါင်းအောက်ထဲတိုးဝင်လိုက်ပြီး ကျန့်အာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်သည်
သူ့ရင်ခွင်ထဲမှာ ငြိမ်ချက်သားကောင်းနေတဲ့ကိုယ်လေးကတော့ တစ်ရိပ်ရိပ်နဲ့အဖျားတွေတက်နေပြီ တစ်ချက်ချက်ထတုန်လာတဲ့ကိုယ်လေးက ချမ်းလို့ထင်ပါရဲ့
"ကျန့်အာ...ထတော့လေ လမ်းထိပ်ရောက်ပြီ"
အသာလှုပ်နှိုးတော့ မျက်လုံးလေးမဖွင့်ချင်ဖွင့်ချင်နဲ့နိုးလာတဲ့ ကျန့်အာကိုကြည့်ကာ ရိပေါ်ပြုံးလိုက်မိသည်
ဒီလိုနဲ့ ကားပေါ်ကဆင်းပြီးလမ်းဆင်းလျှောက်ကြသည်ဖျားနေတဲ့ကျန့်အားက လမ်းကိုကောင်းကောင်းမလျှောက်နိုင်တာမို့ ရိပေါ်ကတွဲထားရသည် ကျန့်အာကဖျားပြီဆို တစ်ရက် နှစ်ရက်လောက်နဲ့မပျောက် ခြေဆစ်တွေလက်ဆစ်တွေလဲကိုက်တတ်သေးသည် ဒီနေ့လဲ နှင်းတွေကြားထဲ အကြာကြီးဆော့ခဲ့တာမို့ သေချာတာတော့ ညကျရင် ကိုယ်လက်တွေအရမ်းနာတော့မှာ
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ