ပုဇွန်ဆီရောင်သန်းနေတဲ့ ညနေခင်းရဲ့ နေဝင်ဆည်းဆာအလှက ချစ်ရသူနဲ့အတူတူကြည့်ရတဲ့အခါ တန်ဖိုးကြီးတဲ့ပန်းချီကားတစ်ချက်အလား လောကမှာလှပါတယ်ဆိုတဲ့အရာတွေအားလူံးထက် သာလွန်နေသယောင် သိပ်ကိုလှပတင့်တယ်လွန်းနေတယ်လေ
အရှက်သည်းနေတဲ့အချစ်ငှက်ကလေးနှစ်ကောင်ကတော့ နေဝင်အိပ်တန်းတက်ရန် အသိုက်အမြုံကိုပြန်ဖို့ရာမေ့လျော့နေကြသလို ကမ်းနားတစ်လျှောက်ကဇင်ယော်ငှက်ကလေးတွေနဲ့အပြိုင် ရေပြင်ကျယ်ကျယ်ရဲ့အလှကိုတဝရှုစားနေကြလေရဲ့
နှစ်ဦးသားရဲ့နှုတ်ခမ်းထက်မှာ အပြုံးတွေကိုယ်စီချိတ်ဆွဲထားသလို မျက်ဝန်းတွေထဲမှာလဲ ပျော်ရွှင်မှူတွေပြည့်လျှံနေကြတယ် တစ်ဦးရဲ့နှလုံးသားကိုနစ်ဦးနားလည်ပြီးသားပေမယ့် လေးနက်တဲ့ ဖွင့်ဟခြင်းတစ်ခုတော့လိုအပ်နေသေးတယ်မဟုတ်လား
"ကျန့်အာ ငါ"
"အိပေါ်...ခုနက...နမ်းတာ..ငါ...အဖြေပေးတာမဟုတ်ဘူးနော်....ဒီတိုင်း...ဒီတိုင်း...ငါ့ကိုယ်ငါလဲသတိမထားမိလိုက်တာ"
"အင်းပါ ကျန့်ရ ငါသိပါတယ် ငါ...ကျန့်ဆီကအဖြေမရမချင်း ငါအတင့်မရဲပါဘူး"
"အင်း..."
"ဒါပေမယ့်...ငါ...ငါရင်ခုန်တယ်ကျန့်...ပြီးတော့...ကျန့်ကိုမြတ်နိုးတယ်...သဘောကျတယ်...ချစ်တယ်"
ကျန့်အာရဲ့ရှက်ရဲရဲမျက်နှာလေးကိုကြည့်ကာ ရင်ထဲကစကားတွေကိုတစ်လုံးချင်းပြောမိသည်
"ကျန့်ဆီကအဖြေပေးလာမယ့်နေ့ကိုစောင့်နေပါ့မယ်"
"ငါကဆိုးတယ်နော် အိပေါ် စိတ်လဲကောက်တတ်တယ် ပြီးရင် မင်းကိုအမြဲအနိုင်ကျင့်တတ်သေးတယ်"
"ဒါတွေအကုန်ငါသိပြီးသားလေကျန့်အာ ပြီးတော့ ကျန့်အာကို ဆိုးတယ်လို့တစ်ခါမှမတွေးမိဘူး ကျန့်အာကအနိုင်ကျင့်တယ်လို့လဲငါမတွေးဘူး"
"ငါကနောက်လဲအနိုင်ကျင့်နေအုံးမယ် ဆိုးနေအုံးမယ်ဆိုရင်ရော မင်းကချစ်အုံးမှာလား"
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ