904 149 30
                                    

ဂယူဗင်းဟာ မူကြိုတက်ရတာကို ခုံမင်လာသည်။
ပိတ်ရက်​တွေ​တောင် မူကြိုသွားချင်မိတဲ့အထိ​ပေ။

အခု​တောင် မူကြိုကို အ​စောကြီးလာပြီး
သူငယ်ချင်း​တွေနဲ့​​ဆော့နေသည်။သို့​သော်
လည်ပင်းက အ​ပေါက်၀ကို တ​မျှော်​မျှော်။

"ဂယူဗင်း ဒီအရုပ်က ဒီမှာဆက်ရမှာ မဟုတ်ဘူး​လေ"

"ဟီး ဟုတ်သားပဲ"
ဂယူဗင်း သွားဖြဲပြီး​​တော့ရယ်ပြလိုက်သည်။

မှားဆက်ထားတဲ့ ​နေရာကို ပြန်ဖြုတ်ပြီး
ဆက်ဖို့လုပ်​နေတုန်း

"ဟိုမှာ ချွမ်း​ရွေ့လာပြီ"

အာရန်းသည် အရုပ်ဘီး​လေးနဲ့ ​ဆော့​နေရင်း
ထ​အော်​လေသည်။

ဂယူဗင်းက​တော့ ချွမ်း​ရွေ့​ကျောပိုးအိတ်​လေးလွယ်ပြီး ၀င်လာတာကိုကြည့်ရင်း
သ​ဘောအကြီးကြီးကျ​နေမိသည်။
က​လေး​လေးဒီ​နေ့လည်း ​ကျောင်းလာတယ်။

"နင် ချွမ်း​ရွေ့လို့ မ​ခေါ်ရဘူး​လေ၊ရစ်ခီ လို့​ခေါ်ရမှာ"
ဂယူဗင်းသည် အာရန်းကို​ပြောသည်။

"နင်ကျ​တော့ ​ခေါ်ပြီး​တော့"

အာရန်းကမ​ကျေနပ်။အမြဲဂယူဗင်းက အဲလိုပဲ။
ရစ်ခီကို သူကျ​တော့ ချွမ်း​ရွေ့ ချွမ်း​ရွေ့လို့​ခေါ်ပြီး
သူများ​တွေလိုက်​ခေါ်ရင် မကြိုက်။
မုန့်​တွေပါလာရင်လည်း ရစ်ခီ ကိုပဲ ​ကျွေးတယ်။ တခြားသူ​တွေကို​တော့  ရစ်ခီ မကြိုက်တာ​လေး​တွေကိုပဲ ​ကျွေးတယ်။

"အဲဒါ ငါက​လေး​လေး​ မို့လို့လေ"

ဂယူဗင်းကလည်း ​ဒေါသပိစိ​လေးထွက်လာသည်။
ခါး​ထောက်ထားပြီး မျက်​မှောင်​တွေပါကြုတ်ထားလို့။

အာရန်းသည် ငိုမဲ့မဲ့​လေးဖြစ်လာသည်။
ချွမ်း​ရွေ့က ​​အနား​ရောက်လာ​​တော့ ဂယူဗင်းနဲ့
အာရန်းကို ​ကြောင်​တောင်​တောင်​လေးကြည့်သည်။
ဂယူဗင်းက ချက်ချင်း ချွမ်း​ရွေ့လက်​​မောင်းကို
ကိုင်လိုက်ပြီး တိုင်​တော့သည်။

"မင်းကို သူက ရစ်ခီလို့မ​ခေါ်ဘဲ ချွမ်း​ရွေ့လို့
လိုက်​ခေါ်​နေတယ်၊မ​ခေါ်နဲ့လို့​ပြောလိုက်"

Go away;Come hereWhere stories live. Discover now