ဂယူဗင်းက လေဆိပ်ကပြန်ရောက်ကတည်းက
မူမမှန်။ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလို့
အခန်းထဲ၀င်ပြီး လှဲအိပ်နေလိုက်သည်။
ရစ်ခီအိပ်သွားဖူးသည့် အိပ်ယာမို့လို့ ပိုင်ရှင်ဖြစ်တဲ့
ဂယူဗင်း ကိုယ်သင်းနံ့ပျောက်ကာ ရစ်ခီ
ကိုယ်သင်းနံ့လေးပင် စွဲနေလေသည်။ဂယူဗင်းကတော့ စိတ်ရှုပ်ရှုပ်နဲ့ အိပ်ယာပေါ်
မျက်နှာအပ်ပြီးသာ အိပ်ပျော်နိုင်ဖို့ကြိုးစား
နေလိုက်သည်။ရစ်ခီ ကိုယ်သင်းနံ့လေးက
ဂယူဗင်းကို လာရောက်ထွေးပွေ့တဲ့အခါ
ဂယူဗင်းက မျက်စိကိုတင်းတင်းမှိတ်မိသည်။ဂယူဗင်းသည် အသက်ရှုလိုက်တိုင်း ပါလာသည့်
ရစ်ခီ ကိုယ်သင်းနံ့လေး ပျောက်သွားမှာ စိုးရိမ်လို့ အသက်ရှုပင်အောင့်ထားမိသည်။မတွေ့ရတာ ဘယ်လောက်မှမရှိသေး
ကင်ရစ်ခီကို လွမ်းနေရပြီ။ရစ်ခီ ဂယူဗင်းအနားက ထွက်သွားတိုင်း ဂယူဗင်းက နေသားမကျ။ဖုန်းကိုထုတ်ပြီး ရစ်ခီကို နောက်ဆုံးပို့ထားတဲ့
စာကို ၀င်ကြည့်သည်။ အခုချိန်လောက်ဆို
ရစ်ခီက လေယာဥ်ပေါ်မှာပဲ ရှိသေးသည့်အတွက် သေချာပေါက် ဂယူဗင်း ပို့ထားတာ မြင်ဦးမှာမဟုတ်။ပြန်ဖျက်ရင်ကောင်းမလား ဆိုပြီး စဥ်းစားလိုက်ပေမဲ့
အဆိုးဆုံးအခြေနေဖြစ်သွားရင်လည်း ဂယူဗင်းက
ရစ်ခီ ခွင့်လွှတ်တဲ့အထိ တောင်းပန်မယ်လို့
တွေးလိုက်ပြီး ပထမအကြံကို လက်လျော့လိုက်သည်။ သူငယ်ချင်းသံယောဇဥ်ထောက်ပြီး
ရစ်ခီက ဂယူဗင်းကို ခါးခါးသီးသီးတော့
ဖြစ်မည်မဟုတ်။ ဘယ်ကမှန်းမသိတဲ့
ယုံကြည်ချက်တွေက ဂယူဗင်းဆီမှာ အပြည့်။တစ်မနက်အတွင်း ဖြစ်သွားတဲ့ ကိစ္စတွေက
မြန်ဆန်လွန်းလို့ဂယူဗင်းက
သေချာတောင်လိုက်မမှီ။စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကို လက်လှမ်းမှီတဲ့နေရာ ထားလိုက်ပြီး
တစ်ရေးအိပ်ဖို့ ပြင်လိုက်သည်။ မဟုတ်ရင်
ဂယူဗင်းက ခေါင်းရှုပ်လွန်းလို့ ရူးတော့မှာ။***
ရစ်ခီက လေဆိပ်မှာ ဂယူဗင်းနဲ့ ရန်မဖြစ်ချင်ပါ။အခုလည်း လေယာဥ်ပေါ်ရောက်တဲ့အထိ
စိတ်မကြည်တော့။တစ်ခါတစ်လေ
ကင်ဂယူဗင်းက သူ့ခံစားချက်တွေကို
သိရက်နဲ့များ ကစားနေသလားလို့ တွေးမိသည်။