ဂယူဗင်းက တက္ကသိုလ်ရွေးဖို့ ကိစ္စတွေနဲ့
အတော်လေးအလုပ်ရှုပ်နေသည်။
ဟိုနေရာဆိုလည်း သွားရပြန်သည်။
ဒီနေရာဆိုလည်း သွားရပြန်သည်။ရစ်ခီကလည်း
သူ ပြန်ဖို့ ကိစ္စတွေနဲ့ ရှုပ်နေလို့ ဒီရက်ပိုင်း
ဂယူဗင်းက ရစ်ခီ အနား ကောင်းကောင်းမကပ်ရ။ဂယူဗင်းက အလုပ်တွေရှုပ်နေလွန်းလို့
ကင်ရစ်ခီကိုကြိုက်နေလို့ ရင်ထဲမှာ လိပ်ပြာလေးတွေပျံတဲ့ခံစားချက်ကိုတောင် ကောင်းကောင်းမခံစားရ။ အဲလိုမှန်းသိ ကင်ရစ်ခီ နဲ့ စတွေ့ကတည်းက
ရစ်ခီကို သဘောကျနေမှန်း ဂယူဗင်းက
သိလိုက်ရမှာ။အခုများတော့ လိုက်ပိုးပန်းဖို့မပြောနဲ့ ဂယူဗင်းက
သူ့ဟာသူတောင် ယားလို့မကုတ်အား။
ဂယူဗင်းက တစ်ဖက်မှာလည်း ပူပန်နေရပြန်သည်။
ရစ်ခီ ကိုဒီတစ်ခေါက် ဒီတိုင်းလွှတ်ပေးလိုက်ရင်
ဂယူဗင်းက ရစ်ခီကိုပိုင်ဆိုင်နိုင်ခွင့်တွေများ
ဆုံးရှုံးသွားမလားဆိုသည့်
အတွေးတွေကြောင့်ဖြစ်သည်။ညီအစ်ကိုလို၊သူငယ်ချင်းလို တစ်ယောက်ယောက်ကို သဘောကျစိတ်ဖြစ်မိတာကလည်း မ၀ံ့မရဲ
ခံစားချက်နှစ်ခုကြား လွန်ဆွဲနေသလိုပါပဲ။
ရင်းနှီးနေတဲ့ အနေအထား ပျက်သွားမှာလည်း ကြောက်ရသလို၊ စည်းတားပြီးနေရင်းနဲ့
တစ်သက်လုံး ဒီစည်းကို မကျော်နိုင်မှာလည်း
တွေးပူရပြန်သည်။ဘယ်လောက်ပဲ ချစ်တဲ့သူ ကို ငေးကြည့်နေရင် အဆင်ပြေတယ်လို့တွေးတွေး၊ဂယူဗင်းကတော့
ရစ်ခီ မျက်နှာလေးကို မြင်ရုံနဲ့တင် တစ်ဘ၀လုံး သိမ်းပိုက်ထားချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာရတာကလည်း အတ္တတစ်ခုဖြစ်မယ်နဲ့ တူသည်။အောင်စာရင်းထွက်ပြီး နောက်တစ်ခေါက်တွေ့တုန်းကအာရန်းက ထပ်မေးဖူးသည်။
အခြေအနေ ဘယ်လိုလဲတဲ့။
ဂယူဗင်းက ခေါင်းခါပြလိုက်သည့်အခါ
" ဒီတိုင်းဆို နင်တို့ကို ဝေးပြီပဲ" ဆိုသည့် စကားသည် ဂယူဗင်းကို ပြန်တွေးတိုင်း ကြောက်ရွံ့စေပါသည်။အတွေးတွေက မွန်းကြပ်လွန်းလို့ ဂယူဗင်းက
လုပ်လက်စအလုပ်တွေကို ရပ်ပြီး လေညင်းခံဖို့
ခြံပြင် ခဏထွက်ထိုင်သည်။