ဂယူဗင်းကျောင်းဆင်းဆင်းချင်း
အိမ်သို့အမြန်ပြန်သည်။ ကျောပိုးအိတ်၀င်ထားမည်၊အ၀တ်အစားလဲပြီး ဒီနေ့သင်တဲ့စာအုပ်တွေယူပြီး
ရစ်ခီ အိမ်သွားမည်။"မေမေရေ သားပြန်လာပြီ"
"မြေး အင်္ကျီမြန်မြန်သွားလဲ ပြီးရင်
ဆေးရုံသွားရမယ် မင်းဖေဖေ လာခေါ်လိမ့်မယ်"ဆေးရုံဆိုတာကိုကြားတော့ ဂယူဗင်း လန့်သွားသည်။
"ဘာဖြစ်လို့လဲ ဘွားဘွား"အိမ်ပေါက်၀မှာ ဂယူဗင်းသည်
ကြောင်အအလေး ရပ်မိနေသည်။"ချွမ်းရွေ့ ဖေဖေ ကားအက်စီးဒန့်ဖြစ်တာ
အခြေနေမကောင်းဘူး မြေးမေမေတောင်
သူတို့သားအမိနှစ်ယောက်ထဲမို့လို့
အဖော်ရအောင် ဆေးရုံလိုက်သွားပေးတယ်"ဂယူဗင်းသည် ကျောပိုးအိတ်ကိုတင်းနေအောင် ဆုပ်ကိုင်ထားမိသည်။
ဂယူဗင်းလှေကားထစ်တွေကို တက်နေပေမဲ့
ခြေထောက်တွေတုန်နေသလိုတောင် ခံစားရသည်။
ရစ်ခီ ကိုစဥ်းစားမိသွားတော့ ဂယူဗင်း ရင်တွေတုန်ပြီး ငိုချင်လာသည်။ ရေမြန်မြန်ချိုးဖို့ လုပ်ပေမဲ့
၀မ်းနည်းနေတာနဲ့တင် ဂယူဗင်းဘာမှ အလုပ်မဖြစ်။သေချာပေါက် လူပျိုပေါက်လေးတွေဆိုတာ
ကလေးမရောက်၊လူကြီးမရောက်လေးတွေ၊
ကလေးဘ၀ရဲ့ ချိုမြိန်မှုတွေက ရိုးအီနေသလို၊
လူကြီးဘ၀ရဲ့ ခါးသက်မှုတွေကလည်း
သူတို့အတွက် အစိမ်းသပ်သပ်။ဂယူဗင်းသည်လည်း သေချာပေါက် ထိုရိုက်ခတ်မှုကို ခံစားရလိမ့်မည်။ အခုတော့ သူငယ်ချင်းလေးကိုတွေးပြီး ဂယူဗင်းကပါ ၀မ်းနည်းနေသည်။
"ဘယ်လိုဖြစ်တာလဲ ဖေဖေ "
ဖေဖေက ဂယူဗင်းကို ကားနဲ့ လာခေါ်သည်။
"ဖေဖေလည်းသေချာမသိဘူး မနက်ကအလုပ်
သွားရင် ထရပ်ကားနဲ့ တိုက်မိတာလို့ပြောတာပဲ "ဂယူဗင်းသည် တွေးကြည့်ရုံနဲ့တင်
မျက်နှာဖြူဆုတ်လာသည်။"ချွမ်းရွေ့ကို တွေ့ရင် သူ့အနားမှာနေပေးလိုက်ဦး
ဖေဖေတို့က သူ့မေမေကို ကူလိုက်ဦးမယ်"