ဂယူဗင်းက အထုပ်တွေကိုဆွဲပြီး အပေါ်ထပ်က
သူ့အခန်းထဲကိုပဲ သယ်လာလိုက်သည်။
ထို့မှသာ ရစ်ခီက ဂယူဗင်း ကုတင်ပေါ်မှာလှဲ
နေရာမှထလာပြီး ဂယူဗင်းလက်ထဲက
အထုပ်တွေကို ဆွဲသယ်သည်။"ငါ ယူလာတာ နည်းနည်းတော့များသွားတယ်"
ရစ်ခီက ဂယူဗင်းကို ဟီးကနဲရယ်ပြပြီး
မျက်နှာချိုသွေးသည်။ဂယူဗင်းက ရတယ် ဆိုသည့်သဘောနဲ့
ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဘာမှဆက်မဖြစ်လာ။
ဂယူဗင်းကလည်း အထုပ်တွေကို
ဘေးကပ်နေစဥ် ရစ်ခီကလည်း
ကုတင်ပေါ်သွားထိုင်ပြီး ဟိုကြည့်၊ဒီကြည့်။ ရုတ်တရက်အခန်းတွင်းလေထုက
အနည်းငယ်တော့ ကိုးယိုးကားရားနိုင်ပါသည်။ဂယူဗင်းက ရစ်ခီကိုမျှော်နေပေမဲ့
တကယ်တမ်းပြန်တွေ့လာချိန်မှာတော့
ဘယ်ကနေစကားစပြောရမှန်းမသိ။
အဆင်ပြေလားမေးဖို့ကြတော့လည်း
အဲလောက်ထိ စိမ်းသွားကြသေးတာမဟုတ်။
ရစ်ခီ အဆင်ပြေနေတာသိနေတာပဲမလား။
အကြာကြီးနေမှာလား၊ဘယ်တော့ပြန်မှာလဲ
ဆိုသည့် စကားတွေကိုတော့ ဂယူဗင်းက မမေးချင်။ရစ်ခီ ပြန်ဖြေမည့် အဖြေကိုလည်း မကြားချင်။"ဂယူဗင်း"
တိတ်ဆိတ်နေသည့် အခန်းတွင်းမှာ ရစ်ခီ
အသံလေးက လိုတာထပ်ပိုကျယ်နေလျက်။
ဂယူဗင်းနားထဲ ပဲ့တင်သံ ကျန်နေသလို။"ဟင် မင်းဘာလိုလို့လဲ"
ရစ်ခီက ခေါင်းခါသည်။ဂယူဗင်းက
ရစ်ခီကို ကြောင်ကြည့်နေလျက်။"ငါကို နောက်နေတာလား မင်း"
ရစ်ခီမျက်နှာလေးက ပြုံးချင်ယောင်သန်းနေလို့
ဂယူဗင်းက ဒီလို မေးလိုက်ခြင်းဖြစ်သည်။"ဖွီး"
ရစ်ခီက တခွီးခွီးရယ်လေသည်။
ရစ်ခီရယ်နေတာကို ငေးကြည့်ရင်း
ဂယူဗင်းလည်း ရယ်မိသည်။ကင်ရစ်ခီလေးက
ဘာတွေများ ဒီလောက်တောင် သဘောကျနေတာလဲ။အနေခက်သည့် လေထုကိုဖြိုခွဲရင်း
ဟိုပြော၊ဒီပြောနဲ့ အခြေနေက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ဂယူဗင်း အတွက် ရစ်ခီက
သူစိမ်းမဟုတ်။စိမ်းသွားစရာအကြောင်းမရှိသလို၊
အနေခက်စရာလည်းမရှိနိုင်တော့ပေ။