ကင်ရစ်ခီလေးက ဂယူဗင်းကို
သဘောကျနေမှန်းသိပေမဲ့လည်း LA မှ မလာရင် ပြန်မကြိုက်တော့သလိုလိုပြောနေတဲ့ကင်ရစ်ခီအလိုကျ LA ကို ချက်ချင်းသွားဖို့လုပ်ရသည်။ချက်ချင်းဆိုတာ ကြားထဲ ၃၊၄ရက် ကြာသည်။
ကင်ရစ်ခီကတော့ ထို၃၊၄ရက်အတွင်း
စိတ်ကောက်လိုက်၊စိတ်ဆိုးလိုက်
လုပ်တာ ဘယ်နှစ်ကြိမ်မှန်းမသိ။အကြောင်းရင်းကတော့ သူ့ ဆိုးလ်မှာ
ရှိနေတုန်းကတော့ မဖွင့်ပြောဘဲ LA ပြန်မှ
ဖွင့်ပြောလို့ပါတဲ့။ ဂယူဗင်းလည်း နောင်တရပါသည်။ အစကတည်းကပြောလိုက်ရင်
ဖက်အိပ်လို့ရချင် ရဦးမှာ။နောက်ပြီး သတင်းကောင်းတစ်ခုကတော့
ဂယူဗင်း ရေကုန်ရေခမ်းကြိုးစားထားတဲ့
စာမေးပွဲအမှတ်က ရစ်ခီ နဲ့အတူတူ
တစ်ကျောင်းတည်းတက်ဖို့အထိ မှီပါသည်။
အဲသတင်းကြားကြားချင်း ဂယူဗင်းက ပျော်လွန်းလို့ ဘေးက ကင်ရစ်ခီလေးကို သွားဖက်မိသည်။
ရလဒ်ကတော့ အသက်ရှူကြပ်ပါတယ်ဆိုပြီး
ဂယူဗင်း အအော်ခံလိုက်ရတာပါပဲ။ဂယူဗင်းက ကျောင်းပြောင်းဖို့ပြင်နေတာနဲ့တင်
ကျောင်းဖွင့်ရက်ကျော်သွားတာနဲ့ နောက်
ကျောင်းဖွင့်ရက်မှ တက်ဖို့ စီစဥ်လိုက်ရသည်။
ကင်ရစ်ခီလေးကို ကျောင်းလိုက်ပို့၊
ကျောင်းပြန်ကြို ၊ အားတဲ့အချိန်ဆို အင်္ဂလိပ်စာ လေ့လာလိုက်နဲ့ပဲ အချိန်ကုန်နေရပါသည်၊ငယ်ငယ်က အင်္ဂလိပ်စာသင်တုန်းက
ဂယူဗင်း ကြိုးစားသင်ခဲ့ရင် အခု
အဲလောက်ထိ ကြိုးစားနေရမှာမဟုတ်။
ငယ်ငယ်က ကင်ရစ်ခီ တက်လို့
လိုက်တက်တာက လွဲရင် ဂယူဗင်းက
အဲလောက်ထိစာသင်ရတာကို ဝါသနာမပါပေ။ဂယူဗင်းဝါသနာက ကင်ရစ်ခီလေးကို
လိုက်စတာ ဖြစ်လောက်မည်။
သင်တန်းမှာသင်တုန်းက မှတ်မိတာဆိုလို့
L-O-V-E ဆိုသည့် စာလုံးဖြစ်သည်။
အရမ်းငယ်တဲ့ အရွယ်မို့လို့ စာလုံးပေါင်းတွေ
မှတ်ရတာ ခက်ပေမဲ့ အဲတာက ချစ်တယ် ဆိုသည့် အဓိပ္ပါယ်ရှိကြောင်း သိရတာနဲ့ ဂယူဗင်းကတော့ ဘေးက ကင်ရစ်ခီလေးကို နေ့တိုင်းလိုက်ပြောနေမိသည်။