"မင်းစားချင်တာရှိရင် စားနေလိုက်သိလား
မလုပ်တတ်တာရှိရင် ငါကို ပြော လုပ်ပေးမယ်
ပျင်းနေလည်း ခဏတော့သည်းခံ လူရှင်းရင်
မင်း နားလာခဲ့မယ် "ဂယူဗင်းက ရစ်ခီကို စိတ်မချသလို တဖွဖွမှာသည်။
ရစ်ခီ လိုက်ချင်ပါတယ် ဆိုသည့်
ဂယူဗင်းအချိန်ပိုင်းလုပ် သည့်
ဆိုင်ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ဆိုင်ရဲ့တည်နေရာကြောင့် လူတော့သိပ်မရှုပ်တတ်
ပေမဲ့ လူပါးနေတာမျိုးလည်း မဟုတ်ရပါ။ရစ်ခီကတော့ ဂယူဗင်းပြောသည့်
နေရာလေးမှာထိုင်နေရင်း တစ်ခုပြီး တစ်ခု
ထိုင်စားနေသည်။ဖုန်းကိုလည်း
အကြည့်မပျက်ဖြစ်နေရာ တစ်ခါတစ်လေဆို
ဝါးရာမှာကိုမေ့ပြီး
ပါးစောင်ထဲငုံ့ထားတတ်သေးသည်။အဲလိုအချိန်မျိုးဆို ဂယူဗင်းက ရစ်ခီ
ပါးလေးတွေကို ကိုင်ပြီး "ငုံမထားရဘူး ဝါးလေ"
ဆိုပြီး သွားပြောချင်တာ မတရား။ရစ်ခီ လိုက်လာတာနဲ့ ဂယူဗင်းက
အလုပ်ထဲတောင် အာရုံမစိုက်နိုင်ဖြစ်နေရပြီ။
အဲတာကြောင့် မခေါ်လာချင်တာ။အခုလည်း မူလတန်းကလေးတွေက ဝိုင်းပြီး
ကိုကြီး ဒီမုန့်လေးဖောက်ပေးပါဦး၊ ကိုကြီး
ဒါလေးဖွင့်ပေးပါဦး နဲ့ ရစ်ခီဘေးသွားပြီးတစာစာ။ကလေးတွေခိုင်းတာလုပ်ပေးပြီးရင်
ဟိုကမုန့်ပြန်ကျွေးသွားတာကို
စားလိုက်လုပ်နေသေးတာ။ဘယ်လောက်တောင် ပျော်နေလဲဆိုရင် သွားဖုံးရဲရဲလေးတွေပေါ်အောင်ကို
ရစ်ခီက ပြုံးနေတဲ့အထိပဲ။အဲလောက်ထိ ကလေးတွေထက် ပိုချစ်စရာကောင်းစရာလိုလို့လား။သူတို့မုန့်ဖောက်ခိုင်းရင်
ဖောက်ပေးပြီး ဖုန်းပဲ ပြန်သုံးနေလိုက်ပါလား။တကယ်ပဲ ကင်ရစ်ခီတို့များ ။"အစ်ကို ဒါလေး ပိုက်ဆံ!"
"ဗျာ အော် ဟုတ်ကဲ့ ဟုတ်ကဲ့"
ဧည့်သည်ရဲ့ စိတ်မရှည်တဲ့အသံကြားမှ
ဂယူဗင်းသည် အာရုံလွင့်နေမှန်းသတိထားမိသည်။စျေးတွက်ပြီး ထွက်သွားချိန်မှာလည်း
အမြန်ပြုံးပြလိုက်ရသေးသည်။