"ထတော့ ဂယူဗင်း နောက်ကျနေပြီ
ကျောင်းကားရောက်ပြီ"မေမေအော်သံကြောင့် အိပ်ယာပေါ်ကနေ
မထချင်ထချင်နဲ့ ဂယူဗင်းကုန်းထသည်။
ရေချိုးခန်းထဲ၀င် သန့်ရှင်းရေးကို ၁၀မိနစ်နဲ့
အပြီးလုပ်ပြီး အ၀တ်စားလဲကာ
အမြန်ဆင်းလာခဲ့သည်။"ရော့ ဒီမှာ မနက်စာပါတယ် ချွမ်းရွေ့လေးကိုလည်း
ကျွေးလိုက်ဦး"မေမေက ထမင်းဗူးအသေးလေးကိုကိုင်ထားပြီး
ဂယူဗင်း ဖိနပ်စီးနေတာကို ဘေးကကြည့်နေသည်။
မူလတန်းကျောင်းသားလေး ဂယူဗင်းက
ဖိနပ်ကြိုးကို ကိုယ်ဘာကိုယ်ကောင်းကောင်းချည်တတ်နေပြီ ဖြစ်သည်။ကျောင်းကားပေါ်အထိ မေမေက လိုက်ပို့တော့
တာ့တာပြပြီး ခုံနေရာကို တစ်ချက်လှမ်းကြည့်သည်။ဂယူဗင်းကျောင်းကားပေါ်မှာ ထိုင်တိုင်းနေရာကို
ဒီလိုသတ်မှတ်ချက်နဲ့ရှာသည်။သေချာပေါက် နှစ်ယောက်စာလွတ်နေတဲ့
နေရာဖြစ်ရမည်။ဂယူဗင်းက နေရာလွတ်ကိုမြင်တော့ ၀င်ထိုင်ပြီး
ဘေးက ခုံအလွတ်ပေါ်ကို လွယ်အိတ်နဲ့
ထမင်းဗူး ကိုချထားလိုက်သည်။ဂယူဗင်းကိုလာခေါ်ပြီးရင် သေချာပေါက်
ကျောင်းကားက ရစ်ခီအိမ်ကို သွားမှာ။ကျောင်းကားပေါ်မှာပါတဲ့ ဆရာမကတော့
ဂယူဗင်းရဲ့ ဒီအကျင့်ကိုရင်းနှီးနေပြီးသားမို့လို့
ဘာမှတော့ပြောမလာချေ။
ကျောင်းကားပထမဆုံးစီးတဲ့နေ့ကတည်းက
ဂယူဗင်းက ဒီလိုလုပ်တတ်တာဖြစ်ပြီး မဟုတ်ရင်လည်း အော်ငိုတတ်သေးသည်။မိဘနဲ့ခွဲပြီး ကျောင်းကားစီးတာကိုတောင်
မငိုတဲ့ ဂယူဗင်းက ရစ်ခီနေမကောင်းလို့
ကျောင်းမတက်ဘူး ဆိုပြီး ကျောင်းကားကို ပြောတဲ့အချိန်ကဆို သူလည်းကျောင်းမတက်ပါဘူးဆိုပြီး အော်ငိုလို့ ဘာလိုမှထိန်းမရတဲ့အဆုံး
ရစ်ခီ အိမ်မှာ ချပေးခဲ့ရဖူးသည်။ရစ်ခီအိမ်ရှေ့ကားကျောင်းရပ်တဲ့အချိန် ကားတံခါး
ဖွင့်တာနဲ့ ဂယူဗင်းက အော်ပြီးနှုတ်ဆက်သည်။