တီတီက သူတို့ရှန်ဟိုင်းမပြန်ခင်
တစ်ရက်ရက်လောက် ဂယူဗင်းကို ရစ်ခီ နဲ့
တူတူလာကစားပြီး၊အိပ်စေသည်။တစ်နေ့လုံး မုန့်တွေလျှောက်စား၊
လျှောက်ကစားနေတော့ ခွဲရမယ့် ကိစ္စကိုတောင်
နှစ်ယောက်သားက မေ့ချင်ချင်ဖြစ်နေသည်။
အခုလည်း ရစ်ခီ အခန်းထဲမှာ ဂယူဗင်းတို့
ဂိမ်းဆော့ဖို့ ပြင်နေကြသည်။ရစ်ခီက စက်ဆင်နေတုန်း ဂယူဗင်းက
သူ့ကျောပိုးအိတ်ထဲက ရစ်ခီ စာအုပ်တွေကိုထုတ်ပြီး စာကြည့်စားပွဲပေါ်တင်သည်။ဂယူဗင်းစိတ်ထဲမှာ ရစ်ခီက ဒီမှာနေခဲ့မှာဆိုပြီး
မျှော်လင့်နေတုန်းပဲ။အဲတာကြောင့်
စာတွေတောင် နေ့တိုင်းကူးပေးထားသည်။"ဘာဂိမ်းဆော့မှာလဲ လိပ်နင်ဂျာဂိမ်းဆော့မှာလား?"
"ဟင် အင်း ဆော့မယ် အဲတာ"
ဂယူဗင်းက ရစ်ခီကိုမသွားစေချင်တာ ရစ်ခီ
သိသွားမှာလည်း ရှက်သေးသည်။စာအုပ်တွေကို
အမြန်စားပွဲပေါ်တင်ပြီး ဂယူဗင်းက ရစ်ခီ နဲ့
အတူတူဂိမ်းဆော့ဖို့ ပြေးသွားလိုက်သည်။နှစ်ယောက်သား ဂိမ်းကိုအသည်းသန်ဆော့နေကြရင်း
ပထမတစ်ပွဲမှာ ဂယူဗင်းက နိုင်သွားသည်။
ငဂျစ်လေး ရစ်ခီက မျက်နှာလေး
နည်းနည်းရှူံ့မဲ့ချင်လာသည်။"ငါ ဒီတစ်ပွဲ မင်းကို နိုင်အောင်ဆော့ပြမယ် ကြည့်နေ"
ရစ်ခီက ဂယူဗင်းလောက် မြန်မြန်မလုပ်နိုင်ဘူး။
ဂယူဗင်းက ဂိမ်းဆော့တာလည်းသွက်သည်။
ဒုတိယတစ်ပွဲလည်း ဂယူဗင်းပဲ နိုင်သွားသည်။" ငါ နိုင်သွားပြန်ပြီ ရေး.."
ဂယူဗင်းက ဂိမ်းစက်ကို လက်မှာကိုင်ထားရင်း
လက်သီးလက်မောင်းတန်းကာ ထအော်သည်။ရစ်ခီက နှုတ်ခမ်းလေးဆူကာ
မျက်လွှာချတာမြင်တော့ ဂယူဗင်းက
အော်နေတာရပ်လိုက်ပြီး ငြိမ်ငြိမ်လေးပြန်ထိုင်သည်။"နောက်တစ်ပွဲဆက်ဆော့ရအောင်"
"မဆော့ပါဘူး မင်းပဲ နိုင်နေတာကို"