စာသင်ချိန်တွေထဲမှာ အပျော်ဆုံးအချိန်ကို
ပြောပါဆိုရင် ကာယ အချိန်လို့ ဂယူဗင်းဖြေမည်။ စာမသင်ဘဲ ဆော့နေရတာ အရမ်းပျော်ဖို့ကောင်းသည်။ဒီနေ့ အားကစားချိန်မှာလည်း ဆင်တူ
အားကစား၀တ်စုံလေးတွေ ၀တ်ပြီး
အပြင်ထွက်ဆော့ရပြန်သည်။ သတ်မှတ်ထားသည့် ကစားနည်းရယ်လို့မရှိဘဲ ကလေးတွေကို
ကိုယ်လက်လှုပ်ရှားဖြစ်အောင်သာ ဆော့ခိုင်းတာမို့လို့
ကိုယ်ကြိုက်ရာ ကိုယ်ဆော့လို့ရသည်။ဂိုးသွင်းကောင်းတဲ့ ကိုကို ဖြစ်ချင်တဲ့
ရစ်ခီကတော့ ဘောလုံးကန်ဖို့ တာဆူနေသည်။ဒါပေမဲ့ ဂယူဗင်းက စီးဆောစီးချင်တာ။
ဒါဆို ကင်ရစ်ခီလေးနဲ့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး စကားပြောလို့လည်းရသည်။ ပြီးတော့ သူတို့နှစ်ယောက်တည်း ဆော့တာဖြစ်လို့
ရစ်ခီက ဘယ်သူကိုမှ အာရုံမစိုက်တော့ဘူး။ရစ်ခီထိုင်နေသည့် ဘက်ခြမ်းက အပေါ်မြင့်တက်သွားတဲ့အခါမှာ ရစ်ခီက သွားဖုံးလေးတွေ
ပေါ်အောင်ပြုံးတတ်သည်။ ဂယူဗင်းက ရစ်ခီ
ပြုံးတာကို အရမ်းသဘောကျသည်။
အဲလိုအခါမျိုးဆို အရူးလေးလို
လိုက်ပြုံးနေတတ်သည်။အခုတော့ ဘောလုံးကန်ရတော့မယ်။
ဂယူဗင်းက မကန်ချင်ပေမဲ့လည်း ကူပြီး
ကန်ပေးရဦးမည်။ ရစ်ခီကတော့ ဂယူဗင်းကို
တူတူဆော့ပေးဖို့ မခေါ်ပါဘူး။
"မင်းကြိုက်တာ မင်းဆော့လေ" ဆိုပြီး ပြောသည်။
ဂယူဗင်းကတော့ ရစ်ခီကို ခေါ်စေချင်သည်။ဒါပေမဲ့ စဥ်းစားကြည့်လေ စီးဆော စီးပါတယ်ဆို
မှ တစ်ယောက်တည်းစီးလို့ဖြစ်မလား။
ပြီးတော့ ဂယူဗင်းက ရစ်ခီနဲ့ပဲ တူတူစီးချင်တာ။ကွင်းထဲမှာ ၄၊၅ ပတ်လောက်( ရစ်ခီ အပြော ဘောလုံးကန်တယ် ပေါ့လေ။ ဂယူဗင်းကတော့ ဘောလုံးလိုက်လုတယ်လို့ သတ်မှတ်သည်။ ရစ်ခီက မကစားတတ်ဘူး။ ဘောလုံးကို လိုက်လုတာ။ )
ပြေးပြီးတော့ ရစ်ခီက ဟောဟဲလိုက်ချင်နေပြီ။"ငါတို့ နားကြမယ်"
ဂယူဗင်းကရုတ်တရက်ကြီး ကွင်းလယ်မှာ ရပ်ပြီး
ထအော်သည်။ အတန်းခေါင်းဆောင်ပါဝါအပြည့်၊ ဘောလုံးအသင်းရဲ ခေါင်းဆောင် ရာထူးကို
ကောင်းစွာအသုံးချသည်။