သူငယ်ချင်းကိုကြိုက်နေကြောင်း လက်ခံလိုက်ပြီးနောက် ဂယူဗင်းလုပ်မိတဲ့အရာက
ရှောင်နေခြင်းသာဖြစ်သည်။ ရစ်ခီကိုတော့မဟုတ်
ရစ်ခီ အကြည့်တွေကိုဖြစ်သည်။ရစ်ခီ နဲ့
မျက်လုံးချင်းဆုံတိုင်း ရင်ဘတ်ထဲမှာ လိပ်ပြာတွေပဲ
အကောင်ပေါင်းများစွာ ပျံနေသလို ခံစားရလွန်းလို့
ဂယူဗင်းက ရစ်ခီနဲ့ အကြည့်ချင်းမဆုံမိတဲ့အထိပဲ။အရင်ကလည်း ကြိုက်နေတာနဲ့တူတာပါပဲ
အဲထိအကောင်း။ကြိုက်နေတာကို လက်ခံလိုက်ပြီးမှ ဂယူဗင်းက ရစ်ခီရှေ့ဆို လိပ်ပြာမလုံချင်။ညစာစားပြီး ဧည့်ခန်းထဲမှာ ကင်မိသားစုနဲ့
ကင်အိမ်က သားအရင်းနီးပါး အရေးပါတဲ့
ရစ်ခီ တို့က ဟိုပြော၊ဒီပြောနဲ့ အနားယူနေချိန်မှာ
ကင်ဂယူဗင်းလေးကတော့ ပန်းကန်ဆေးနေရသည်။
ရစ်ခီကတော့ ကူလုပ်ပေးမယ်ပြောရှာသည်။
ဘယ်လိုစိတ်နဲ့များ ဂယူဗင်းက ခိုင်းရက်မှာလဲ။ရစ်ခီအပေါ် သူငယ်ချင်းထက်ပိုတယ်ဆိုတာကို
သိနေပြီးနောက် ဂယူဗင်းက ရစ်ခီ ကို
ပိုးဥသလိုဥထားချင်တာ။လေတောင်အတိုက်ခံချင်တာမဟုတ်။ ဒီစိတ်ကို ရစ်ခီ ကနားမလည်တော့
ဂယူဗင်းက တစ်ယောက်တည်းကြိတ်ပြီး
ဗျာများရသေးသည်။"ဂယူဗင်း ငါတို့ ဒီတစ်ခေါက် ဒီကို သွားရအောင်
ငါတစ်ခေါက်မှ မရောက်ဖူးသေးဘူး"ရစ်ခီက ဖုန်းကိုကြည့်ပြီး မီးဖိုချောင်ထဲထိ
၀င်လာသည်။ ဒီကို လို့သာပြောပြီး
နေရာအတည်အကျမပြောသည့် ရစ်ခီကြောင့်
ဂယူဗင်းက ဆေးလက်စ ပန်းကန်ကိုချကာ
ရစ်ခီ အနားသွားရသည်၊"ပြဦး ဘယ်သွားမှာလဲ"
"ဒီကိုလေ ရေချိုးခန်း "
ရစ်ခီ ပြသည့် ရေချိုးခန်းကို ကြည့်ပြီး ဂယူဗင်းက ချက်ချင်းခေါင်းခါလိုက်သည်။
"မကောင်းဘူး "
ရေချိုးခန်းသွားပြီး ရေချိုးရင် ကင်ရစ်ခီ
ခန္ဓာကိုယ်လေးကိုတခြားလူတွေမြင်မှာပေါ့။
ဂယူဗင်းက ရစ်ခီကို သေးသေးလေးလုပ်ပြီး
သိမ်းထားချင်တဲ့အချိန်ရောက်မှ ကင်ရစ်ခီက
ရေချိုးခန်းကိုတောင် သွားဖို့လုပ်နေသေးတယ်။