"နည်းနည်းလေးကြီးလာတာနဲ့ကို
ကင်ဂယူဗင်းတို့ အိမ်ကိုမကပ်တော့ဘူး
အခုလည်း ဘယ်သွားဦးမလို့လဲ"မေမေက အသက်ရ လာလို့ထင်သည်။
အရင်ကလိုမဟုတ်တော့။နည်းနည်းလေး
ပစိပစပ်များလာပြီး ဇီဇာကြောင်လာသည် လို့
ဂယူဗင်း ထင်သည်။ တစ်ခုခုဆိုလည်း
စိတ်တိုင်းမကျသည်က များသည်။"ရစ်ခီ နဲ့ တင်းနစ်သွားရိုက်မလို့"
အမှန်ဆို ဂယူဗင်းက ရစ်ခီ နဲ့သွားမယ့်ကိစ္စကို
အစောကတည်းကပြောခဲ့ပြီးသား။
ဒါကို မေမေက ခဏခဏမေးသည်။
လူကြီးလေးဖြစ်လာသည့် ဂယူဗင်းကလည်း
မေမေက သူ့ကို ချုပ်ခြယ်သည်ပဲထင်သည်။"တင်းနစ်သွားရိုက်မယ်ဆိုလည်း အဲဒီကိုပဲသွား
ဟို၀င်ဒီထွက်တော့မလုပ်နဲ့ စောစောလည်းပြန်လာဦး"လမ်းကြိုက်သည့် ဂယူဗင်းအကြောင်းသိနေတော့
မေမေက အမြဲ မှာသည်။ သေချာပေါက် ဂယူဗင်းကလည်း ဒီဘက်နားက၀င်၊ဟိုဘက်နားကထွက်ပေါ့။"အိုကေပါဗျာ သွားပြီမေမေ"
***
"ကင်ရစ်ခီ ထွက်ခဲ့တော့ ငါလမ်းထိပ်မှာ
စောင့်နေမယ်"ဂယူဗင်းက ဖုန်းဆက်ပြီးသာ ရစ်ခီကို
လှမ်းချိန်းလိုက်တော့သည်။ လူပျိုပေါက်လေးဖြစ်လာသည့် ရစ်ခီက အရင်ကလိုမဟုတ်တော့၊အရမ်း ပဲများချင်လာတာ။ဆံပင်အရောင်ဆိုးချင်တာနဲ့ပဲ တီတီကို ဆံပင်ဆိုးလို့ရတဲ့ ကျောင်းပြောင်းပေးဆိုပြီး ပူဆာသေးတယ်။ ပြီးတော့ ဂယူဗင်းပြောသမျှကို ဘာမှပြန်မပြောဘဲ မျက်ထောင့်နီကြီးနဲ့ ကြည့်တတ်တဲ့ အကျင့်
အစား သိသလောက်၊တတ်သလောက်
ကိုရီးယားစကားနဲ့ သူကျွမ်းပါချည်ရဲ့ ဆိုတဲ့
အင်္ဂလိပ်စကားကို ရောပြီး ဂယူဗင်းကို
မနိုင်နိုင်အောင် ရန်ပြန်တွေ့တတ်တဲ့
အကျင့်အသစ်လေးရလာသည်။ဂယူဗင်းကတော့ ရစ်ခီက ရန်တွေ့တာလေးက
ချစ်ဖို့ကောင်းတယ်လို့ထင်နေဆဲ။အဲတာကြောင့်
နေ့တိုင်း ရစ်ခီ ကို လိုက်စဖြစ်သည်။